Part (2)

1.7K 92 0
                                    

မူဂျီအယ်လ်

🌸pann

Part (2)

" နိုနိုရေ.. သမီး ဒေါက် ဒေါက် "

အင်း.. ။

ခေါ်သံကြားနေရသလို ရှိပေမယ့် နိုနို စောင်ကိုပခုံးလုံတဲ့ထိဆွဲခြုံကာ တစ်ဖက်လှည့်အိပ်လိုက်သည်.. ။

" ဒေါက် ဒေါက်.. နိုနို နိုနိုရေ သမီး "

ဒီတစ်ခါတော့ ပိုပြီးကြည်လင်တဲ့အသံပြင် နိုနိုနဲ့နီးကပ်လာတယ်လို့လည်း ခံစားနေရသည် ။

" နိုနိုရေ.. "

" ရှင် "

ဒီတစ်ခါတော့ နိုနို အသံလေးပြန်တုံ့ပြန်လိုက်သည် ။

" ထတော့လေ သမီး.. ခဏနေ ဘုန်းဘုန်းတွေကြွလာတော့မယ် "

" ဟုတ် "

ပါးစပ်ကသာ ဟုတ်နိုင်ပေမယ့် မျက်လုံးကတော့ မဟုတ်နိုင်နေသေး.. ။

ခုထိ မျက်လုံးလေးတွေမဖွင့်နိုင်သေးဘူး.. ။

အမေကနိုနိုကိုစိတ်မချတဲ့ပုံနဲ့ ထပ်နှိုးဆော်ပြန်သည် ။

" နိုနို.. သမီး ထနော် အမေနောက်တစ်ခါထပ်တက်လာဖြစ်မှာ မဟုတ်ဘူး "

" ဟုတ်.. ကဲ့ "

ညှင်းသဲ့သဲ့အသံလေးနဲ့ သံရှည်ဆွဲကာ နောက်တစ်ကြိမ်ဟုတ်ကဲ့ရပြန်သည်.. ။

" ထ.. ထတော့နော် "

ကဲ.. နိုနိုရေ ထတော့ဟ ။

" ဟုတ်ကဲ့.. ထပြီ မေရေ့ "

ပြန်အသံပေးတော့မှ အမေကစိတ်ချသွားဟန်ရှိပုံရတော့သည်.. ။

အခန်းရှေ့ကနေလည်းထွက်သွားတဲ့ခြေသံစစလည်း ကြားလိုက်ရပါသည် ။

နိုနိုလည်း ဆက်အိပ်လို့မဖြစ်သေးတာမို့ လေးတိလေးတွဲလေးနဲ့ ကုတင်မှဆင်းကာမျက်နှာသစ်သွားတိုက်ရသည်.. ။

မျက်နှာကိုရေနဲ့ထိပေးမှ မျက်လုံးလေးကအခုမှအမှန်ကန်ကို ဖွင့်လို့ရတော့တယ် ။

တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးမှ ဗီဒိုထဲကဇာဂါဝန်ဖြူ တစ်ထည်ထုတ်ဝတ်လိုက်သည်.. ။

ခေါင်းကိုလည်းသေချာဖြီးကာ ဘီးကုပ်လေးနဲ့ရှေ့ဆံပင်တွေလှန်ကုပ်ကြည့်လိုက်သည်.. ။

မူဂျီအယ်လ် (Unicode)Where stories live. Discover now