Part (21)

1.4K 77 0
                                    

မူဂျီအယ်လ်

🌸pann

Part (21)

" တောက်.. ဘယ်အချိန်ရှိနေပြီလဲ မင်းသားတော့မဟုတ်တော့ဘူး ကေဇင် "

ကိုကို အိမ်ပြန်မရောက်လာသေးတော့ ဦးလေးက တောက်တစ်ခေါက်ခေါက် နဲ့.. ။

အန်တီကလည်း မျက်နှာလေးညိုးလို့.. ။

" ဂွန်း.. တစ်ခုခုဝင်ပြောအုံးလေ "

အနားမှာထိုင်နေတဲ့ ဂွန်းကို နိုနို တီးတိုးလေးကပ်ပြောရသည်.. ။

အိမ်မှာဆို ခုလိုမျိုး တစ်ခါမှမကြုံဖူးတော့ နိုနိုနေရတာအသားမကျ.. ။

ကိုယ့်ကို ဆူနေပြောနေတာ မဟုတ်ပေမယ့် စိတ်ဖြောင့်ဖြောင့်နေမရ.. ။

နေရတာ မလွတ်မလပ်နဲ့...

" ကျွန်တော်က ဘာဝင်ပြောရမှာလဲ.. "

ဂွန်းကလည်း နိုနိုပြောသလို အနားကပ်ပြီး တီးတိုးလေးပြန်ပြောသည်.. ။

" နိုနိုလည်း မသိဘူးလေ.. တစ်ခုခုဖြစ်ဖြစ်ပေါ့ "

နိုနိုလည်း ပြောစေချင်ပေမယ့် ဘာပြောလို့ပြောရမှန်းမှမသိနေတာ.. ။

" တောက်.. "

" ........... "

ဦးလေးက တောက်ထပ်ခေါက်ပြန်တော့ နိုနိုမှာပိုနေမရ.. ။

နာရီလည်းမော့ကြည့်ရသေးတယ်.. ။

" ကိုကိုကလည်း စောစောပြန်မလာဘူး.. ဦးလေးက စိတ်တိုနေပြီကို "

" နိုနိုကို ကြိုပြောပြထားမယ်.. ကိုကိုနဲ့အဖေကဒီလိုပဲ ဘာမှကြောက်မနေနဲ့ "

" အမြဲဒီလိုကဘာလဲ.. ဘယ်လိုပြောတာလဲ "

" ကိုကိုနဲ့အဖေက တည့်တာ မဟုတ်ဘူး နိုနိုရဲ့.. အခုမှအစမို့ပါ နောက်တော့နိုနိုသိသွားမှာပါ "

" ဟင်.. "

ဂွန်းကသာ ပုံမှန်အေးဆေး ပြောနေနိုင်ပေမယ့် နိုနိုမှာတော့ မထိတ်သာမလန့်သာနဲ့.. ။

နာရီကတရွေ့ရွေ့.. ။

ကိုကိုကပြန်မလာသေးဘူး.. ။

ဦးလေးက ကိုကို့ကို ဆူမှာပြောမှာငေါက်မှာကို နိုနိုမှာကြားထဲကနေ စိုးရိမ်နေရသည်.. ။

မူဂျီအယ်လ် (Unicode)Where stories live. Discover now