Part (7)

1.2K 80 0
                                    

မူဂျီအယ်လ်

🌸pann

Part (7)

" သား.. အစောကြီး နိုးနေပါလား "

" ဒီနေ့ နည်းနည်းစောတယ် "

" သားညီနဲ့အဖေကတော့ မနိုးသေးဘူး.. "

" အမေ ဘာလုပ်မလို့လဲ "

အမေက ဘုရားခန်းကနေ ရေပုံးကိုင်ထွက်လာလို့ မေးလိုက်သည်.. ။

" ဘုရားခန်း သန့်ရှင်းရေးလုပ်ထားတာ.. "

ဗိုရမ် အမေ့လက်ထဲက ပုံးကိုတစ်ချက်စောင်းငဲ့ကြည့်လိုက်သည်.. ။

ဟုတ်သား.. ရေညစ်တွေ ။

" သွားသွန်မလို့လား.. "

" ဟုတ်တယ်.. တစ်ခါထဲ ဆေးကြောပြီး ဒီထဲကအဝတ်စတွေလျှော်မလို့ "

" ကျွန်တော် လုပ်လိုက်မယ်လေ.. "

ဒါ သားကြီးရဲ့ထုံးစံ.. ။

အမေ့အလုပ်ဆို သူကူလုပ်ပေးတတ်တာ ရှိပေမယ့် အဖေ့အလုပ်ဆိုယောင်လို့တောင်ခြေဦးမလှည့်တတ်.. ။

အာ့ကြောင့်လည်း သူ့အဖေနဲ့ဆို ကြောမတည့် ။

" ရပါတယ် သားရယ်.. ဒါတွေကို ခြံထဲက ရေပန်းမှာဆေးမလို့ "

ရေညစ်ဆိုပေမယ့် ကြည့်ရဆိုးလောက်တဲ့ထိ မဟုတ်.. ။

ရေပိုတွေကိုခြံထဲက ပန်းတွေလောင်းတတ်တဲ့အမေ့ရဲ့ ကပ်စီးနှဲခြွေတာနည်းကိုသိပါတယ်.. ။

ပြီးရင် ခြံထဲကရေပန်းကရေနဲ့ လျှော်ဖွတ်ပြီး လှမ်းထားတတ်တာလေ.. ။

ဒီလောက်ကတော့ သိပါတယ်.. ။

" ကျွန်တော် သိပါတယ်.. အမေလုပ်စရာရှိတာသာ သွားလုပ်လိုက် ဒါကျွန်တော်ဆက်လုပ်လိုက်မယ် "

ဗိုရမ် အမေ့လက်ထဲက ရေပုံးဆွဲယူပြီး အမေ့ရှေ့ကနေ သုတ်သုတ်လေးထွက်လာလိုက်သည်.. ။

ရေတွေကိုပန်းပင်ခြေရင်းမှာ အသာပက်လောင်းချပြီး ခြံထဲကရေပိုက်နားသွား ထိုင်ချလိုက်သည်.. ။

" ဗြွက် ဗြွက်.. "

အဝတ်စလေးတွေကို ရေလောင်းချရင်းလက်နဲ့ဖိချေကာ ဆေးနေလိုက်သည်.. ။

မူဂျီအယ်လ် (Unicode)Where stories live. Discover now