Part (30)

2K 84 1
                                    

မူဂျီအယ်လ်

🌸pann

Part (30)

" သား အလယ်တန်းကျောင်းသားရောက်တဲ့ထိ စကားနည်းသွားပေမယ့် သူ့အဖေကိုကလန်ကဆန်မလုပ်တတ်သေးဘူး.. ဒါပေမယ့် ငယ်ငယ်ကလို တက်ကြွပျော်ရွှင်တဲ့ပုံရိပ်လေးမရှိတော့ဘူး တစ်ယောက်ထဲပါးစပ်လေးပိတ်ပြီးသူ့အခန်းထဲမှာပဲနေနေတတ်တာ.. သူ့အဖေတွေ့ရင် ကြောက်လန့်ပြီးရှောင်နေတတ်တာ အရင်ကမရှိခဲ့ဖူးတဲ့ မဝံ့မရဲအကျင့်လေးတွေပေါ်လာတယ် ကျွန်မထင်လိုက်တာတော့ငါ့သားလေးတော့ ခြောက်များခြောက်သွားမလားလို့ ရင်တထိတ်ထိတ်ဖြစ်နေခဲ့တာ.. လူတွေနဲ့ရှောင်လာတယ် လူစုလူဝေးရှိတဲ့ပွဲတွေဆို ဘယ်လောက်ခေါ်ခေါ်သူမလိုက်တတ်ဘူး.. "

" ဒါလည်း စိတ်ရောဂါတစ်မျိုးပဲ.. ပြဿ     နာ ကြီးကြီးမားမား ထိခိုက်မှု မရှိတာကလွဲရင် စိတ်ဒဏ်ရာရနေတာမျိုး "

နိုနို အမေပြောတာကို ခေါင်းညိတ်လက်ခံမိသည်.. ။

အန်တီကလည်း ခေါင်းညိတ်ပြရင်းစကားဆက် ပြောနေတာ..

" အထက်တန်းကျတော့ တစ်မျိုးပြောင်းသွားပြန်ရော.. သူလုပ်ချင်တာသူလုပ်လာတာ ဖအေကဆူရင်လည်းပြန်မပြောဘူး အိမ်မှာဆို မျက်နှာထားကရယ်လည်းမရယ် ပြုံးလည်းမပြုံးဘူး.. မိသားစုတွေနဲ့လည်း သိုက်သိုက်ဝန်းဝန်းမနေဘဲတစ်ယောက်ထဲ သီးသန့်ထွက်ရှောင်နေတာ များလာတယ်..  ဆယ်တန်းကိုဂုဏ်ထူးတွေနဲ့ ကောင်းကောင်းအောင်ခဲ့လည်း သူ့ဖအေကဆရာဝန်လုပ် ဂုဏ်ရှိတယ် အင်ဂျင်နီယာဝါသနာပါလည်းတက်..ပြောတော့သူက ရိုးရိုးကျောင်းပဲတက်မှာဖြစ်လာရော သူ့အဖေကဆူငေါက်တော့ စိတ်လေးများ ပြောင်းသွားမလားမှတ်တယ်.. ရိုးရိုးကျောင်းမှမတက်ခိုင်းရင် ကျောင်းဆက်မတက်တော့ဘူးလုပ်ရော "

" ............ "

နိုနိုနဲ့အမေကတော့ ငြိမ်ပြီးနားထောင်နေလိုက်သည်.. ။

" သူ့ဖအေက စိတ်တိုပေမယ့် သူတက်ချင်တာပဲတက်တော့ဆိုပြီး လွှတ်ပေးလိုက်ရော.. ပထမနှစ်ကတော်တန်ရုံပြောရမခက်သေးဘူး ဒုတိယနှစ်မှာပိုဆိုးလာတယ်.. ပြောရခက်လာတယ် သူ့အဖေကဒါဆိုသူကဟိုဒါလုပ်တယ် တားရင်တားတဲ့ကိစ္စကိုပိုလုပ်တယ် အဖေကိုအဖေလို့ခေါ်ဖို့ဝန်လေးလာတယ်.. နောက်ကွယ်မှာတော့ အဖေလို့ခေါ်တတ်ပြောတတ်ပေမယ့် အဖေရှေ့တော့အဖေလို့သိပ်မခေါ်တတ်ဘူး မခေါ်တာများပါတယ်.. အိမ်မှာမကပ်တတ်ဘူး သူ့အဖေကသူ့ကိုမျှော်လင့်အားကိုးထားလေ သူကသူ့ကိုယ်သူပေါ့ပေါ့လျော့လျော့ နေတတ်လေ..ဘာပဲလုပ်လုပ် သူ့အဖေကိုဂျစ်တိုက်နေတော့တာပဲ သူ့ကိုယ်သူဆိုးအောင်လုပ်နေတာ..အရင်ကဒီလိုကလေးမဟုတ်ပါဘူး "

မူဂျီအယ်လ် (Unicode)Where stories live. Discover now