4🍓

2.1K 208 7
                                    

Unicode

' ကျွီ~ကျွီ~ကျွီ~

ဒါကမနက်ခင်းရဲ့သာယာမှုကိုပေးတဲ့ 'ငှက်သံ~

' ချွင်~ချွင်~ချွင်~

ဒါကတော့ ရှောင်းကျန့်ဆက်အိပ်လို့မရတော့တဲ့
'ခြူသံ~

' ဗွမ်း! ဗွမ်း! ဗွမ်း! ဗြမ်း!

ဒါကရော!

ရှောင်းကျန့်တစ်ယောက် အိပ်နေရာမှဆက်ခနဲကုန်းထ
လာမိသည်။

' ဒုန်း! ဒိုင်း! ဗွမ်း! ဗွမ်း! ဗြမ်း!

အမလေး!ငါ့ရေချိုးခန်းထဲမှာ စစ်ဖြစ်နေတာတော့
မဟုတ်လောက်ဘူးမလား။

‌ရှောင်းကျန့်ကအဲ့တော့မှ သူ့ဘေးနားကဝံပုလွေလေး
ကိုသတိထားမိသွား၍ ကြည့်လိုက်တော့ ဝံပုလွေလေး
ကရှိမနေ...

မနေ့တုန်းက ရှောင်းကျန့်ဝံပုလွေလေးကို ဘောင်းဘီ
ဝတ်ပေးတုန်းကဆို အဝတ်မခံပဲ တစ်ချိန်လုံးရုန်း‌ေနတဲ့
ဝံပုလွေလေးကြောင့် မဝတ်ပေးတော့ပဲ ဒီတိုင်းလွှတ်
ထားလိုက်ရသည်။

ညဘက်အိပ်တော့လဲ သူကဝံပုလွေဆိုတော့ ရှောင်းကျန့်က
သူနဲ့မအိပ်ရဲ၍ တစ်ခြားအခန်းကိုပေးအိပ်ခိုင်းတော့ သူနဲ့ပဲ
အိပ်မယ်ဆိုတဲ့ ပုံစံပဲလုပ်နေတာကြောင့် ရှောင်းကျန့်
ပေးအိပ်ခဲ့ရသည်။
(မသိဘူး ကျော်တုတ်မယ်ကွာ😎)

' ချွင်~ ချွင်! ချွင်! ဗွမ်း! ဗြမ်း! ဒုန်း!

ရှောင်းကျန့်ရဲ့ ရေချိုးခန်းထဲမှာတစ်ကယ်ကို
ကမ္ဘာပျက်နေတဲ့အတိုင်း ဘာတွေဖြစ်နေမှန်းမသိ။
ခြူသံတွေလဲကြားနေရတာကြောင့် မဟုတ်မှလွဲ.....

ရှောင်းကျန့်မျက်လုံးတွေ ပြူးကြယ်လာပြီး
ကိုယ်ပေါ်မှဆောင်ကိုဖယ်ခွာ၍ ကုတင်ပေါ်မှ
အမြန်ဆင်းလိုက်ပြီး ရေချိုးခန်းထဲကိုဒုန်းဆိုင်း
ဝင်သွားတော့သည်။

ရှောင်းကျန့် ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်တော့
သူထင်တဲ့အတိုင်း ရေချိုးခန်းထဲမှာ မွှေနေတဲ့
ဝံပုလွေလေး။

အမလေး!ငါလေးကို ဘုရားမစပါ။ရှောင်းကျန့်
တစ်ကယ်ကို သွေးတတ်နေပြီ...

ရေချိုးခန်းလား ကြွက်သိုက်လား မသဲကွဲတော့။
တစ်ခန်းလုံး ဆပ်ပြာတွေပွပလဲ ဖွေးနေပြီး
ရေတွေကလဲ ရေကြီးရေလျှံနေတဲ့အတိုင်း
တစ်ခန်းလုံး ပြည့်နေလေသည်။

🍓...Xiao's Werewolf Wang...🍓Onde histórias criam vida. Descubra agora