25🍓

583 100 12
                                    

Unicode

ဟိုကလေးပျောက်သွားတဲ့နေ့ကစပြီး မျက်နှာမရွှင်မလန်း
ဖြစ်နေတဲ့ ရှောင်းကျန့်ကို ယွီပင်းသတိထားမိပါသည်။

ကောင်လေးကိုလဲပြန်တွေ့ခဲ့ပါရဲ့နဲ့ဒီကောင်ရှောင်းကျန့်က
ဘာဖြစ်နေမှန်းမသိ..?

အခုလဲကြည့်ပါဦး..အပင်ရေလောင်းတယ်တဲ့! အဲ့တစ်ပင်
ကနေမရွေ့ပဲ ငိုင်ငိုင်ကြီးရေလောင်းနေပုံက အပင်တောင်
အအေးပတ်တော့မယ်!

"‌ရှောင်းကျန့်!

"ဟင်...အင်း!ဘာလဲ"

"မင်းဘာဖြစ်နေတာလဲ?

"ငါကလား?

"အင်းလေ..မင်းပုံစံကိုလဲမင်းပြန်ကြည့်ဦး..ရည်းစာပူမိ
နေတဲ့အတိုင်းပဲ..ဘာလဲ ကောင်မလေးကပစ်သွားလို့လား
ဟဟ.."

"မဟုတ်ပါဘူးကွာ..မင်းကလဲ!

"ဘာမဟုတ်တာလဲ..မင်းနော် အစကတော့ငါတို့ကို
ရည်းစားမရှိဘူးလေး ဘာလေးနဲ့"

"တစ်ကယ်မဟုတ်ရပါဘူးဆိုကွာ..မင်းနဲ့ကတော့"

"အဲ့ဒါဆို မင်းကဘာဖြစ်နေတာလဲပြောလေ.."

"ဘာမှမဖြစ်ဘူးဆိုကွာ..တော်ပီ!မင်းပဲ အပင်ကို
ရေဆက်လောင်းနေလိုက်တော့..ငါအခန်းထဲမှာပဲ
စာဖတ်ပြီး အနားယူလိုက်ဦးမယ်..သွားပြီ"

"အေး..သွားသွား! မင်းမပြောချင်လဲနေ.."

သူ့ရှေ့ကထွက်သွားပြီဖြစ်တဲ့ ရှောင်းကျန့်ကိုသူလှန်း
အော်လိုက်သည်။ဒီလောက်သိသာနေတာကို ဒီကောင်က
ညာချင်နေသေး!

.
.
.
.
.

ရှောင်းကျန့်အခန်းထဲရောက်တာနဲ့ တံခါးကိုပိတ်ကာ
ကုတင်ပေါ်တွင် စိတ်ညစ်စွာ ထိုင်ချလိုက်မိသည်။

သူတစ်ကယ်ပဲ ဘာဖြစ်နေတာလဲ..?
ပေါက်စကြောင့်လား..?

ပေါက်စရဲ့ ထိုနေ့က အိမ်ပြန်ချင်တယ်ဆိုတဲ့ စကားတစ်ခွန်းကြောင် သူ့ကိုယ်သူ ဒီလောက်ထိ
ခံစားနေရလိမ့်မယ်လို့ တစ်ကယ်ကို မထင်ထားဘူး...

ပေါက်စက ရှောင်းကျန့်ရဲ့အိမ်ကို ပြန်ချင်လို့
ငိုနေတယ်လို့တောင် မထင်ရလောက်အောင်ထိကို
သူ့ရဲ့ အဖေနဲ့အမေကိုသာ နှုတ်ဖျားကနေမချပဲအော်ငို
နေသည်လေ...

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now