15🍓

1.2K 127 28
                                    

Unicode

အခုရှောင်းကျန့်တို့က ဦးလေလီတို့အိမ်မှာပေါ့...။

"ဟိုလေ...အန်တီချူရင်း..."

"ဟမ် "

ရှောင်းကျန့်တို့ ရောက်လာထဲကဦးလေလီရဲ့မိန်းမဖြစ်သူ
က ပေါက်စကိုကြည့်နေ‌သည်မှာ မျက်နှာပင်တစ်ချက်မှ
မလွှဲရသေးပေ...

ပြီးတော့ ဘယ်သူမှလဲစကားစမလာသေးတာကြောင့်
ရှောင်းကျန့်ကပဲ ဦးစွာပြောရပါတော့သည်။

"ကျွန်တော်နဲ့ ဦးလေးနဲ့မြို့တတ်မလို့...အဲ့ဒါသူ့ကို
ဒီမှာခဏထားခဲ့လို့ရနိုင်မလား "

ရှောင်းကျန့်က ဘေးမှငြိမ်ကုပ်စွာထိုင်နေသော ပေါက်စ
အား လက်ညိုးထိုး၍ ပြောတော့....

"ရတာပေါ့....ဘာလို့မရ ရမှာလဲ! ခဏတင်မဟုတ်ဘူး
တစ်သက်လုံးထားလို့လဲရတယ် ဟင်းဟင်း "

"တစ်သက်လုံးတော့ မထားပါဘူး...ခဏပဲထားမှာပါ..."

"သိပါတယ်တော်...အန်တီကစကားအဖြစ်ပြောတာပါ"

"ဟုတ်ကဲ့"

"ဒါနဲ့ကောင်လေးနာမည်က ဘယ်လိုခေါ်လဲ"

"............."

အန်တီချူရင်က ပေါက်စအားမေး‌လာတော့ တစ်ချိန်လုံး
ငြိမ်နေသည့်ပေါက်စက ခုလဲဘာမှပြန်မပြောတာကြောင့်
ရှောင်းကျန့်ကပဲ ဝင်၍.....

"ဝမ်လို့ပဲမှတ်ထားပေးပါ အန်တီ "

"အော်...ဟုတ်ပြီ...ဒါနဲ့ ကျန့်ကျန့်နဲ့ သူလေးနဲ့ကဘာတော်
တာလဲ "

ရှောင်းကျန့်တို့ ဖြေရခတ်ပြီလေ...ညီအကိုလို့ဖြေရမလား
အဲ့လိုဖြေရအောင်လဲ ရှောင်းကျန့်ကတစ်ဦးတည်းသော
သားဆိုတာကို တစ်ရွာလုံးကအသိ။

"အော်....သူကရှောင်းကျန့်ရဲ့အမျိုးသားလေ"

"ဘာ!!!

ရှောင်းကျန့်တိုစဉ်းစားခတ်နေတုန်း ရှောင်းကျန့်
အမျိုးသားပါဆိုပြီးဝင်ဖြေလာတဲ့ ဦလေးလီ....

ပြီးတော့ ဖြေသံကြားတာနဲ့ အလန့်တကြားထအော်
လာတဲ့ အန်တီချူရင်။

"ဘာဖြစ်တာတုန်းမိန်းမရာ...."

"လန့်သွားလို့ပါ တော်ကလဲ...ကြည့်စမ်း! ကျန့်ကျန့်တောင် လင်ရသွားပြီ....ငါ့တူလေး တစ်သက်
လုံး လူပျိုကြီးမဖြစ်တော့ဘူးပေါ့ ဟင်းဟင်း! "

🍓...Xiao's Werewolf Wang...🍓Hikayelerin yaşadığı yer. Şimdi keşfedin