36🍓

677 82 12
                                    

Unicode

"ပေါက်စအရမ်းမပြေးနဲ့ ချော်လဲရင်ကလေး
ထိခိုက်လိမ့်မယ်"

"မလဲပါဘူးကိုကိုကလဲ ပေါက်စကိုယ့်ကိုထိန်းနိုင်တယ်"

"မလဲရင်လဲပြီးတာပဲ ကိုယ်ကပိစိလေးတစ်ခုခုဖြစ်မှာ
စိုးရိမ်လို့ပြောနေတာ"

"အဲ့ဒီတော့ ကိုကိုကပေါက်စကိုစိတ်မပူပဲနဲ့ ဒီဗိုက်ထဲက
ပိစိလေးကိုပဲစိတ်ပူတာပေါ့လေ ဟုတ်လား"

"အဲ့လိုမဟုတ်ဘူးလေကွာ ကိုယ်က...

"အဲ့လိုဟုတ်ပါတယ် ကိုကိုကပေါက်စကိုမှမချစ်တာ
ပေါက်စကို ဘယ်စိတ်ပူမလဲ အဟင့်"

"ပေါက်စ ပေါက်စ..ဘာလို့ငိုရတာလဲကွာ..ကိုယ်က
ပေါက်စကိုမချစ်ပဲနေမလား သိပ်ချစ်တာပေါ့။ခုဟာကလဲ
ကိုယ်ကနှစ်ယောက်လုံးအတွက်ကိုပြောပေးနေရတာပါကွာ"

"မသိဘူး ကိုကိုကပေါက်စကိုမချစ်ဘူး
ကိုကိုနဲ့မနေဘူး"

ပေါက်စကပြောရင်းထထွက်သွားတော့သည်။

"ပေါက်စ..ပေါက်စ.."

သူခေါ်နေပေမဲ့ သူ့ရှေ့ကအရိပ်လေးကအနောက်ကို
တစ်ချက်လှည့်မကြည့်ပဲ တစ်ဖြေးဖြေး
ပျောက်ကွယ်သွားတော့သည်။

"ပေါက်စ ပေါက်စ!

ဆတ်ကနဲအိပ်နေရာကနေ ငုပ်တုတ်ထထိုင်မိသွားတဲ့
ရှောင်းကျန့်..

"အိပ်မက်ပဲ..ဟာ ရှစ်"

အိပ်မက်ထဲမှာတောင် ပေါက်စကသူ့အနားကနေ
ထွက်သွားတဲ့အိပ်မက်မို့ သူတစ်ကယ်စိတ်မကောင်း။

နောက်ပြီး အိပ်မက်ထဲမှာပေါက်စကကိုယ်ဝန်နဲ့တဲ့?

ရှောင်းကျန့်မျက်လုံးများ ပြူးသွားရကာ
ကိုယ့်အိပ်မက်ကို အံ့ဩနေမိသည်။ ပေါက်စကကိုယ်ဝန်
နဲ့ဆိုတော့ ဘယ်လိုတောင်ပေါတောတောနိုင်တဲ့
အိပ်မက်မျိုးပါလိမ့်?

အိပ်မက်ထဲမှာတောင်ပေါက်စကအဆိုးလေးဖြစ်ပြီး
သူနဲ့အတူရှိတုန်းက ဆိုးတဲ့အဆိုးလေးအတိုင်းမို့
သူ့မှာအလိုလိုပြုံးမိသွားတော့သည်။

"ဟက်.အဆိုးလေး ကိုယ့်ဗိုက်ထဲကကလေးလေးနဲ့တောင်
ပြန်ပြီးစိတ်ကောက်ရတယ်လို့"

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now