7🍓

1.8K 159 10
                                    

Unicode

ပေါက်စကို အဝတ်အစားဝတ် ပေးပြီးထဲက
ရှောင်းကျန့်မှာ ဧည့်ခန်းထဲက ဆိုဖာပေါ်တွင်
ခြေပစ်လက်ပစ်ကို အမောဖြေနေရသည်။
တော်တော်ဆိုးတဲ့ သောက်ကလေး!

အဝတ်အစားလေး တစ်ခါဝတ်ပေးတာ ရှောင်းကျန့်
ရဲ့အိမ်မှာ တိုင်းပြည်ကို ပျက်လို့....

အင်း.....သေချာကြည့်မယ်ဆိုပါက ရှောင်းကျန့်ရဲ့
လက်တွင် ကိုက်ရာများကို တွေ့ရပါလိမ့်မည်။

ဒါကလဲ နှစ်ယောက်မရှိတဲ့ ဝံပုလွေအစုတ်ပလုတ်
လေးရဲ့လက်ချက်ပင်.....

သောက်ကလေး! ကိုယ်ကသူအေးမှာဆိုးလို့ စေတနာနဲ့
အဝတ်လဲဝတ်ပေးရသေးတယ်...သူက ကိုယ့်ကို
ကိုက်တဲ့အပြင် စိတ်ပါ လှည့်ဆိုးနေလိုက်သေး.....

‌ရှောင်းကျန့်မကျေနပ်ချက်တို့ကို စိတ်ထဲမှာတွေးရင်း သူ့ရဲ့ ဘေးနားကပေါက်စကို လှမ်းကြည့်လိုက်တော့
မျက်နှာကြီးစူပုတ်ကာ သူအဝတ် ဝတ်ပေးတုန်းက
ငိုထားလို့ နှာသီးလေးကရဲနေပြီး ခုချိန်ထိ
ရှိုက်နေတုန်းပင်။

"ငိုမနေနဲ့တော့! မျက်ရိုးတွေကိုက်ကုန်လိမ့်မယ်"

သူကပြောလိုက်တော့ ပေါက်စက တစ်ချက်လှည့်
ကြည့်၍ သူ့ကို မျက်စောင်းထိုးကာ
ပြန်လှည့်သွားသည်။

အင်းး...ငါအရမ်းတွေ ထုသတ်ချင်နေပြီ!

~တင်းတောင်! ~တင်းတောင်!

ရှောင်းကျန့်စိတ်တိုတုန်းရှိသေး..ခြံရှေ့မှ လူခေါ်
ဘဲလ် လေးက အသံမြည်လာတာကြောင့်
သူထွက်ကြည့် ရတော့သည်.....

.............

"ဦးလေးလီတောင် ပြန်လာပြီလား"

"အေး...ရှောင်းကျန့်ရ! ငါပြန်လာပြီ..ရော့ ဒီမှာ
မင်းမှာထားတဲ့ဟာတွေ"

ဦးလေးလီကပြောရင်း သူ့လက်ထဲမှအထုပ်ကို
ရှောင်းကျန့်အား ကမ်းပေးလာတာကြောင့်
ရှောင်းကျန့် လှမ်းယူလိုက်သည်။

"ကျေးဇူးပဲ ဦးလေးလီရေ...ကျတဲ့ငွေကို
လိုက်ယူလိုက်ပါလား"

"ရပါတယ်...နောက်နေ့မှပေးတော့ အခုက နောက်ကျ
နေပြီမို့ အိမ်ပဲသွားလိုက်တော့မယ်...တော်ကြာနေ
ငါ့မိန်းမကဆူနေဦးမယ်"

🍓...Xiao's Werewolf Wang...🍓Onde histórias criam vida. Descubra agora