final🍓

902 90 7
                                    

Unicode

ပေါက်စရဲ့ကိုယ်ဝန်က လရင့်နေပြီမို့ ဗိုက်လေးက
အတော်ကို ပူနေပြီဖြစ်သည်။ အဲ့ဒါကြောင့်မို့ သူ့မှာ
အရင်ကထက်ကိုအများကြီးပိုပြီး ဂရုစိုက်ပေးနေရသည်

ဗိုက်ပူလေးပေါက်စက
ဒီနောက်ပိုင်းတွင် ရှောင်းကျန့်ရဲ့အင်္ကျီတွေကိုပဲ
ဝတ်ဆင်တော့သည်။

သူနဲ့ပေါက်စရဲ့ကိုယ်ကကွာတာမို့ သူ့အင်္ကျီတွေကိုဝတ်တဲ့
အခါမှာပေါက်စက သူရဲ့ အင်္ကျီကြီးတွေထဲတွင်
ကိုယ်လေးကမြုပ်နေတက်သည်။

ထိုအခါတွေမှာ ပေါက်စကအရမ်းချစ်ဖို့ကောင်း
လွန်းလှတာမို့ ရှောင်းကျန့်မှာအသဲ တယားယား..။
ဆိုးတာကလဲ အရင်ကထက်ကို ပိုဆိုးနေသလို
ရစ်တဲ့နေရာမှာလဲဲနှစ်ယောက်မရှိ။

"ကိုကိုပြီးရင် ပေါက်စကို စတော်ဘယ်ရီခင်းထဲ
လိုက်ပို့ပေးနော်.."

"မပြန်သေးဘူးလားပေါက်စ ဒီနေ့တော့ဒီမက်မွန်သီးတွေ
ကိုပဲခူးပြီး အိမ်ပြန်ကျတာပေါ့..စတော်ဘယ်ရီခင်းစီကို
တော့နောက်နေ့ကျမှ ကိုယ်ပေါက်စကိုလိုက်ပို့မယ်နော်"

"မရပါဘူး အခုသွားမှာ။ ဘာလဲကိုကိုက ဟိုနားဒီနား
လေးကိုတောင်မှပေါက်စကို လိုက်မပို့ပေးနိုင်တော့ဘူး
ပေါ့လေ ဟုတ်လား။ ကိုကိုကမချစ်တော့ပါဘူး.."

ရှောင်းကျန့်လိုက်မပို့ပေးတာက ပေါက်စပင်ပန်းမှာ
စိုးလို့ပင်။ ဒါကို ပေါက်စကသူ့ကိုမချစ်တော့ဘူးဆိုပြီး
ကောက်ရန်ပြင်နေပြန်သည်။

"မဟုတ်ဘူးလေကွာ ကိုယ့်ပေါက်စလေးက အရင်ကလို
ပေါ့ပေါ့ပါးပါးလေးမဟုတ်တော့ဘူးလေ။ တစ်မနက်လုံး
လဲ မက်မွန်သီးတွေခူးထားတော့ ကိုယ့်ပေါက်စလေး
ပင်ပန်းနေမှာကို ကိုယ်ကတွေးမိလို့ပါ။ တော်ကြာနေ
အညောင်းမိသွားရင် ဟောဒီကချစ်စရာကောင်းတဲ့
ဗိုက်ပူလေးပဲဒုက္ခရောက်မှာနော် သိလား"

"ဒါပေမဲ့ပေါက်စက စတော်ဘယ်ရီသီး
စားချင်နေတယ်လေ"

"ပေါက်စစားချင်ရင် ကိုယ်သွားခူးပေးမယ်။ ‌ဒါပေမဲ့
ပေါက်စကတော့ ဒီမှာပဲနေခဲ့ရမယ်နော် ဟုတ်ပြီလား"

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now