8🍓

1.5K 159 6
                                    

Unicode

' ဒုန်း! ခွမ်းး!!

" ကျစ်!

အောက်ထပ်က ဆူညံသံများကြောင့် ရှောင်းကျန့်
ဆက်အိပ်မရတော့ပဲ 'ကျစ်သပ်ကာ ထထိုင်လိုက်တယ်။
ဒါပေမဲ့ မျက်လုံးတို့ကတော့ မပွင့်သေး....

ပေါက်စတော့မဟုတ်လောက်ဘူးမလား...? သူညက
အခန်းတွေကိုသေချာသော့ခတ်ထားခဲ့သည်လေ။

Oh!!! Shit!!! ငါ့ရဲ့အခန်းတံခါး!!!

ရှောင်းကျန့်မှာ အိပ်ချင်နေသေး၍ ဖွင်မရတဲ့
မျက်လုံးတို့က ချက်ချင်းပြူးကျယ်လာကာ
အောက်ထပ်သို့ ကမန်းကတန်း ပြေးဆင်း
လာခဲ့ရသည်။

အောက်ထပ်ရောက်တော့ ဆူညသံတွေက
မီးဖိုခန်းထဲကဖြစ်၍ သူ့မှာအမြန် မီးဖိုခန်းထဲကို
ပြေးရတော့သည်......

မီးဖိုခန်းထဲရောက်တာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်း
တွေကြောင့် ရှောင်းကျန့် ခေါင်းတောင် ပြာချင်
သွားရသည်။

ရေခဲသေတ္တာကြီး၏အဖုံးကပွင့်နေပြီး ရေခဲသေတ္တာ
ထဲမှ စားစရာများကလဲ ကြမ်း‌ပြင်ပေါ်တွင်
မြင်မကောင်းအောင် ပလားနေလေသည်....
သွားပါပြီ..ငါစုဆောင်းထားတဲ့ဟာလေးတွေ!

ပေါက်စကိုကြည့်လိုက်တော့လဲ အေပရွန်ကြီးကို
ဇောက်ထိုးဝတ်၍ ဒယ်အိုးအား ဟန်ပါပါဖြင့်
မွှေနေသည်မှာ တစ်ကယ့်ကို စားဖိုမှုးကြီးအတိုင်း...
အင်း..ဘာတွေမွှေနေလဲတော့ ရှောင်းကျန့်မသိပါ။
‌ရှောင်းကျန့်သိတာက သူသေချင်တာပဲသိတော့တယ်!

စိတ်ပျက်စွာ လူကခွေချလိုက်ချင်ပေမဲ့ မျက်လုံး
တို့က တစ်နေရာအရောက်မှာတော့ ပြူးကျယ် လာရသည်....

အဲ့ဒါကမီးစွဲနေသော လက်နှီးတစ်စုံကြောင့်ပင်ဖြစ်သည်။
တစ်ဆိတ်! ဒီကလေး ဘယ်တုန်းကအဲ့ဒါတွေလုပ်တတ်
သွားတာလဲ....?

ထို့နောက် ရှောင်းကျန့်မှာအမြန် လက်နှီးရှိရာသို့
ပြေးသွား၍ လက်နှီးကို ရေဇလုံထဲပစ်ထည့်လိုက်တော့
ရှဲခနဲ......

ဒါကိုပေါက်စက လန့်သွားသည့်ပုံ! ခန္တာကိုယ်လေးက
တစ်ချက်တုံတတ်သွားပြီး သူ့ကို
လှည့်ကြည့်လာလေသည်။

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now