6🍓

1.7K 173 6
                                    

Unicode

"ဒါကဘယ်လိုဖြစ်နေ ရပြန်တာလဲ!

"ဟီး~ဟီး~

‌သူ့ကိုလာဖြဲပြနေတဲ့ ပေါက်စကဖြတ်ရိုက်ချင်စရာ...
မျက်နှာတစ်ခုလုံးထမင်းလုံးတွေဖွေးနေပြီး ကြမ်းပြင်မှာလဲ
မသိရင် ပန်းကြဲထားသလားပဲ။

အဲ့ဒါ‌အပြင် လက်ဆေးရေခွက်ထဲကိုခြေထောက်က
ထည့်စိမ်ထားပြီး ခန္ဓာကိုယ်ကလဲ စိုရွှဲနေပြန်သည်။
တစ်ဆိတ်! ဒီကလေး မအေးသေးဘူးလား!
မနက်ထဲက အစောကြီးထပြီး မွှေနေတာ။

အင်း...အသားစွတ်ပြုတ်လေးကတော့ ပြေင်သွားတာပဲ။

"အယ်...အဲ့! ဘာလုပ်တာလဲ"

ပေါက်စက သူခြေထောက်စိမ်ထားတဲ့ ရေကို
ပြန်ယူသောက်ဖို့ပြင်နေတာကြောင့် သူ့မှာ
အမြန်ပင် သွားတားရသည်။

"ရားး!!‌ ပေါက်စ!‌မသောက်ရဘူးလေ မင်းခြေထောက်
စိမ်ထားပြီးသားကြီးလေ! ညစ်ပတ်နေပြီ"

ရှောင်းကျန့်ကပြောရင်း ပေါက်စလက်ထဲက
လက်ဆေးရေခွက်ကို ဆွဲယူလိုက်တော့...

နှာခေါင်းလုံးလုံးလေးကနီလာပြီ!နှုတ်ခမ်းဖူးဖူးလေးက
မဲ့ကျလာပြီ!မျက်လုံးဝိုင်းလေးတွေက အရည်ကြည်‌
လေးတွေ ဝေ့လာပြီ! ငိုတော့မယ်။

"အယ်..မငိုရဘူးလေ! ဒါကမကောင်းတော့ဘူးလေနော်
ပေါက်စက လိမ်မာပါတယ်.....လာခဲ့
အက်ျီလဲပေးမယ်...အာ့!"

ရှောင်းကျန့်ကပြောရင်း ပေါက်စရဲ့လက်ကို ကိုင်ကာ
ခေါ်လိုက်တော့ အကိုက်ခံလိုက်ရတာ ရှောင်းကျန့်ပါပဲ....

"အားး! နာလိုက်တာ ပေါက်စ မင်းတော်တော်
ဆိုးတာပဲ"

စိတ်တိုချင်ပေမဲ့လဲ ရေတွေစိုရွှဲနေတဲ့ ပေါက်စကို
အက်ျီလဲပေးဦးမှရမည်။

ထို့‌ေနာက် အကိုက်ခံရတဲ့လက်ကို ဥပေက္ခာပြုကာ
ပေါက်စရဲ့လက်ကိုဆွဲ၍ အခန်းထဲခေါ်ခဲ့ရသည်။

သူနောက်မှာပါလာတဲ့ ပေါက်စရဲ့မျက်နှာကတော့
ဆူပုတ်လျက်.....

..............

"ရားး ပေါက်စရာ ငြိမ်ငြိမ်နေစမ်းပါ"

" ခ်~ခ်~ခ်~

‌‌ရှောင်းကျန့်ကတော့ ယခုလက်ရှိရေချိုးခန်းထဲမှာ
ပေါက်စနဲ့ တိုင်ပတ်နေရခြင်း..ခုဏက ဆူပုတ်ပြီး
ငိုတော့မလိုဖြစ်တာ သူမဟုတ်တဲ့အတိုင်း။

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now