38🍓

659 80 11
                                    

Unicode

"ကိုကိုဘယ်တွေလျှောက်သွားနေတာလဲ"

သူမနက်အိပ်ယာထတော့ကိုကို့ကိုမတွေ့ရ။
ခုမှဘယ်ကပြန်လာမှန်းမသိ။

"နိုးပြီလား ။ကိုယ်ဦးလေးလီတို့အိမ်ခဏသွားတာ
ပေါက်စ..ဘာဖြစ်လို့လဲ"

"ကိုကိုကသွားတာပေါက်စကိုတောင်ပြောမသွားဘူး"

အိပ်ယာပေါ်မှာငုတ်တုပ်ထိုင်ရင်း မှုန်ကုပ်ကုပ်နဲ့
ပြောနေတဲ့ပေါက်စနားကို သူသွားထိုင်လိုက်ကာ

"ကိုယ့်ရဲ့ပေါက်စလေးအိပ်ရေးပျက်မှာဆိုးလို့ ကိုယ်က
နှိုးပြီးမပြောတာလေကွာ"

"လိမ်တာ ကိုကိုကပေါက်စကိုမချစ်လို့ မပြောတာ"

"ဟောဗျာ..

အမှန်ဆိုသူလဲမနက်ကအသိပေးပြီးမှသွားမလို့ပါပဲ။
ဒါပေမဲ့ဗိုက်ပူလေးအိပ်ရေးပျက်သွားရင် အားမရှိတော့
မှာဆိုးလို့ သူမပြောမိတာပါ။

"ပေါက်စကနိုးနိုးချင်းကိုကို့ကိုတွေ့ချင်တာကို...။
ကိုကိုကတော့အိမ်လည်သွားနေတယ်"

"ကိုယ်တောင်းပန်ပါတယ်ကွာ နောက်ဆိုကိုယ်အသိပေး
ပါ့မယ်"

"အခုပေါက်စက ဗိုက်ပူသွားလို့ကိုကိုကမချစ်တော့တာ
မလား"

ဗိုက်ပူလေးရဲ့ထုံးစမ်အတိုင်းရစ်ပါပြီ။

"ဟောဗျာ ဗိုက်ပူလေးဖြစ်သွားလို့ကိုယ်ကမချစ်တော့
ဘူးတဲ့လား? ချစ်လွန်းလို့ထားစရာနေရာတောင်
မရှိတာကိုကွာ။ ဖြစ်နိုင်ရင်ကိုယ်ကပေါက်စကိုငုံတောင်
ထားချင်သေးတာ.."

"အပိုတွေငုံလို့လဲမဆံ့ပဲနဲ့လျှောက်ပြောနေတယ်"

"ဆံ့သာဆံ့ရင်ကိုယ်အခုလောက်ဆိုပေါက်စကိုငုံထား
ပြီးပြီ။ အသဲယားလွန်းလို့ ရွတ်!

ပြောလဲပြော ပါးအိအိလေးကိုလဲ ရှောင်းကျန့်က
မွှေးကြူလိုက်သည်။

"အိနေတာပဲ..ပေါက်စမျက်နှာမသစ်ရသေးဘူးမလား
ထ ကိုကိုကိုယ်တိုင်သစ်ပေးမယ်။ ပြီးတော့
စိတ်မကောက်နဲ့တော့ ဦးလေးတို့အိမ်သွားတာက
သူ့မိန်းမကပေါက်စရောဗိုက်ထဲကပိစိလေးအတွက်ရော
အားရှိစေမဲ့ဆေးတွေခေါ်ပေးလို့ ကိုယ်ကသွားယူတာပါ"

🍓...Xiao's Werewolf Wang...🍓Opowieści tętniące życiem. Odkryj je teraz