33🍓

600 70 10
                                    

Unicode

"ကိုကို.."

"ဟင်.."

"ကိုကိုတို့လိုလူသားတွေက ဘာလို့ခဏခဏဒီလို
အိုးတွေထဲကိုမြက်ပင်တွေထည့်ပြီးချက်နေတာလဲဟင်?

"အမ်?

ဒီကလေးဘာတွေလာမေးနေတာလဲ?

"ကိုကိုအခုမြက်ပင်တွေချက်နေတာကို ပြောနေတာလေ."

"ဘယ်မှာမြက်ပင်တုန်းပေါက်စရာ..ဒါကချက်စားစရာ
ဟင်းရွက်တွေပါကွ.."

ဟင်းရွက်တွေကိုပေါက်စကမြက်ပင်လို့ထင်နေပုံပါပဲ။
နောက်ပြီးမြက်စားရအောင်လဲ ရှောင်းကျန့်က
နွားမှမဟုတ်တာ။ ဒီကလေးလုပ်တာနဲ့ ရှောင်းကျန့်က
နွားဖြစ်တော့မယ်။

"ဟုတ်လား? ဟီး သိဘူးလေ.."

"မသိရင်လဲမ‌ပြောနဲ့လေကွာ.."

"ဟာကိုကိုကလဲ မသိလို့မေးကြည့်‌တာပေါ့...ပြီးတော့
ကိုကိုကဘာလို့ခဏခဏအဲ့အရွက်တွေပဲချက်နေတာလဲ"

"ကိုယ်ကအသားငါးတွေထက် အသီးအရွက်တွေကို
ပိုကြိုက်လို့လေ.."

"အော်.."

"ဘာလို့လဲပေါက်စကအသီးအရွက်တွေမကြိုက်လို့လား"

"ဟုတ်ပါဘူး..ကိုကိုကြိုက်ရင်ပေါက်စလဲကြိုက်တယ်လေ"

ပေါက်စစကားကြောင့် ရှောင်းကျန့်မျက်နှာထက်တွင်
ကြည်နူးမှုအပြုံးလှိုင်းလေးတစ်ခု ဖြစ်ပေါ်သွားရသည်။

ပေါက်စကသူ့အတွက်ပျော်ရွှင်စရာကမ္ဘာငယ်လေးတစ်ခု
ဒီကလေးလေးသာမရှိတော့ရင် သူ့ကမ္ဘာကြီးပျော်ရွှင်
နေနိုင်ပါ့ဦးမလား...

.
.
.
.
.

"ကိုကို ငါဒီကားကြီးမကြိုက်ဘူး"

"ဘာလို့လဲပေါက်စရဲ့ ဒီလောက်ကြည့်ကောင်းတာကို"

"ဒါပေမဲ့ ပေါက်စမကြိုက်ဘူး ပြန်ပြောင်းပေး.."

"မပြောင်းပေးနိုင်ပါဘူး"

"ဟာ..ကိုကိုနော်!

အငြင်းအခုံဖြစ်နေကြတဲ့ ညီအကိုနှစ်ယောက်က
ယွီပင်းတို့နှစ်ယောက်ကို ရှိတယ်လို့တောင်မထင်...
သူတို့က ဘေးနားကနေသာဘာမှဝင်မပြောပဲထိုင်ကြည့်
နေကြရသည်။

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now