10🍓

1.5K 140 6
                                    

Unicode

"အဟမ်း!!...ပေါက်စ..ဟို ဒီကအသီးတွေက သိပ်စား
မကောင်းဘူး....ဟိုးဘက်မှာ ဒီထက် ကောင်းတဲ့ဟာတွေ
ရှိတယ်....လာ သွားရအောင်..."

ရှောင်းကျန့်ကပြောရင်း ပေါက်စရဲ့လက်ကိုဆွဲကာ
ခေါ်သွားလိုက်သည်။

ပေါက်စကိုစ‌တွေ့တဲ့ နေရာလေးရောက်တော့
ရှောင်းကျန့်က ပေါက်စရဲ့လက်ကိုလွှတ်လိုက်ပြီ....

"ပေါက်စ ဒီမှာစောင့်နေနော်...အဟမ်း..! ကိုယ်အသီး
ခူးပေးမယ်"

ပြောပြီးတာနဲ့ ရှောင်းကျန့်က လှစ်ခနဲ ထိုနေရာမှ
အမြန် ထွက်ခဲ့တော့သည်။

ထိုနေရာနှင့် အနည်းငယ်ဝေးလာတော့ ရှောင်းကျန့်
နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်မိသည်....။

ဒါပေမဲ့ အနောက်က ဘာအရိပ်အယောင်မှ မတွေ့ရတာ
ကြောင့်ရှောင်းကျန့်ရင်ထဲ တစ်မျိုးလေးဖြစ်သွားရသည်။
အင်း...တစ်ခုခုလစ်ဟာသွားသလိုမျိုး.....

ရှစ်..! ထားပါလေ အဲ့ဒါတွေက ခဏပါပဲ.....
ဟူးး....

ရှောင်းကျန့်လဲ သက်ပြင်းသဲ့သဲ့ချကာ အသီးတွေကို
သာ သွားခူးနေလိုက်သည်.....

အရင်တုန်းက အသီးတွေခူးရတာကို နှစ်သတ်တဲ့
ရှောင်းကျန့်က အသီးတွေခူးတဲ့အခါတိုင် အမြဲတမ်း
ပျော်ရွှင်နေတတ်တယ်......။

အင်းး....ဒါပေမဲ့ အခုတော့ အသီးခူးနေရတာကို
မပျော်ရွှင်သည့်ပုံ.......~

.............

"ရားးး!!! ပေါက်စ..!!"

" အွတ်..!

ရှောင်းကျန့်မှာ မက်မွန်သီးခူးတာ ပြီးသွားလို့
စတော်ဘယ်ရီ ခူးဖို့အတွက် စတော်ဘယ်ရီ စိုက်ခင်း
ဘက်သို့ လာတဲ့အခါ တွေ့လိုက်ရတဲ့မြင်‌ကွင်းကြောင့်
လူက ချက်ချင်းကြီး သွေးပါတိုးချင်သွားရသည်...။

သူ့မှာကတော့ ပေါက်စကိုပစ်ခဲ့ရလို့ ရင်ထဲသိပ်မကောင်း
ဖြစ်နေရတာကို ဒင်းလေးက ကောင်းကောင်း စတော်
ဘယ်ရီသီးတွေကို စားထားလိုက်တာများ ပါးစပ်မှာရော
နှာခေါင်းမှာရော...အကျ~မှာရော..နဖူးတွေမှာရော
လက်မှာတွေရော စတော်ဘယ်ရီရဲ့ အနီရောင်နှစ်တွေက
ပေပွလို့နေလေသည်.......

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now