17🍓

1.2K 127 35
                                    

Unicode

"တိုတို....ရှော့! "

"ဟမ်??

နေ့လည်ခင်းလောက်မှာ ရှောင်းကျန့်လဲပျင်းလာတာနဲ့
စာအုပ်ထိုင်ဖတ်နေမိသည်။

ခနနေတော့ မခေါ်တော့ဘူးလို့ပြောတဲ့ပေါက်စက သူ့ကို
ဘာတွေလာပြောနေမှန်းနသိ!

‌ရှော့တဲ့။ ဘာရှော့ရမှာလဲ??

"တို..တို ရှော့...ယေ..! "

"ဘာကြီးလဲ? ကိုယ်ကဘာကိုရှော့ရမှာလဲ "

"တိုတို..တ! ဝမ်ဝမ့်..တို အော်ရယ်ယေ..."

"ဟုတ်လား...အော်မိလို့လား?

"တူပဲ...အော်..အော်...ပြီး ရော့...ဟွန့်..."

ပေါက်စက ခေါင်းကိုငုံ့ကာ အကျ••အား လုံးချေရင်း
နှုတ်ခမ်းဆူကာပြောသည်။

"အော်....ကိုယ်ကအော်မိသွားတယ်လား ပေါက်စကို?"

"အွန်း.."

"ကဲ! ဟုတ်ပြီ အဲ့ဒါဆိုကိုယ်ဘာပြန်လုပ်ပေးရမလဲ ပြော"

"ရှော့.."

"ဟမ်"

"ဟင့်..! အီးးဟီးး....ရှော့ယို့! ဝမ်ဝမ့်တို...ရှော့!! အင့်...
ဘုန်း..ဘုန်း!

ပေါက်စက ငိုယိုကာ သူ့ရင်ဘက်ကို 'တဘုန်းဘုန်း
မြည်အောင်ထုရိုက်ရင်း အဲ့ဒီစကားကိုပဲ ထပ်ခါ ထပ်ခါ
‌ပြောနေတော့သည်...။

ဒီကလေး ဘာကိုပြောချင်နေတာလဲ? မဟုတ်မှလွဲ....
သူ့ကို ပြန်ချော့ခိုင်းနေတာလား?

ထိုစကားအား နားလည်သွားတဲ့ ရှောင်းကျန့်ကတော့
ခွီခနဲနေအောင် အော်ရယ်မိတော့သည်....

"ဟားဟား!ဟားး....ပေါက်စ! မင်းကတော့လေ..."

"ပြောချင်တာက...အခုကိုယ်က မင်းကိုပြန်ချော့
ရမယ်ပေါ့...အဲ့လိုလား..."

"အွန်းး.."

"ကဲ....ဟုတ်ပြီ! ချော့ဆိုလဲ ချော့ရ‌တာပေါ့...အဟမ်း! "

ခတ်တော့ခတ်ပြီ။ ဒီအရွယ်ကြီးထိ ဘယ်သူ့ကိုမှ
မချော့ဖူးသေးတဲ့ ရှောင်းကျန့်က အခုချော့ရမယ်
ဆိုပြန်တော့လဲ မချော့တတ်။

အင်းလေ......ရည်းစားမထားခဲ့ဖူးတာကြောင့်လဲ
ပါတာပေါ့......။

ဟိုဟို ဒီဒီနဲ့....ချော့ဖို့အတွက် စကားလုံးစဉ်းစား
နေတာနဲ့ပဲ ရှောင်းကျန့်အချိန်တော်တော်ကြာသွားတယ်။

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now