35🍓

653 79 6
                                    

Unicode

"မား..သားတို့ကဝံပုလွေတွေဖြစ်ပါရဲ့နဲ့ဘာလို့
အားလုံးက လူပုံစံပြောင်းနိုင်ကြတာလဲဟင်..."

"အော် ဒါကမိတ်ဖက်နှစ်ဦးက လူသားနဲ့ဝံပုလွေပေါင်းစပ်
ထားတာကြောင့်လေ..သားရဲ့ပါးကလူသား မားက
ဝံပုလွေဆိုတော့ သားကလူလိုလဲပုံစံပြောင်းလို့ရသလို
ဝံပုလွေလိုလဲပုံစံပြောင်းလို့ရတာပေါ့..."

"အော်..ဒါနဲ့မား"

"ဟင် ပြောလေသားလေးရဲ့.."

"သားနာမည်က တစ်လုံးတည်းလားဟင်"

"အိုကွယ် ဒီအသက်ဒီအရွယ်တောင်ရောက်နေပြီ သားက
ခုထိကိုယ့်နာမည်ကိုမသိဘူးပေါ့လေး ဒီကလေးတော့"

"ဟွန့် မားတို့ကသားကိုအချိန်ပြည့်တစ်ဝမ်ထဲဝမ်ပြနေ
တာကို သားကဘယ်လိုလုပ်သိမှာလဲ"

ဟုတ်တော့လဲဟုတ်ပါသည်။ငယ်ငယ်လေးထဲ သားဝမ်ကို
အားလုံးက ဝမ်လေးဝမ်ဝမ် စသဖြင့်အဲ့လိုခေါ်ခဲ့ကြသည်
မို့ သားငယ်ကသူ့နာမည်သူမသိတာတော့မဆန်းပါဘူး

"ဟုတ်ပါပီကွယ်..ဒါဆိုမားပြောပြမယ်နော် သားနာမည်
အပြည့်အစုံက ဝမ်ရိပေါ်တဲ့သားသားရဲ့ သိပြီလား.."

"ဝမ်ရိပေါ်..."

ဝမ်ကသူ့နည်မည်သူရေရွတ်ရင်း စိတ်ထဲကနေလဲ
'ဟုတ်ပြီ ငါကိုကိုနဲ့ပြန်တွေ့ရင်ပြောပြရမယ်'ဆိုပြီးတော့
လဲ တေးထားလိုက်တယ်။

ရုတ်တရက်ကိုကို့အကြောင်းတွေးမိပြန်တော့လဲ
ကိုကို့ကိုလွမ်းသွားရပြန်ပြီ။ မားကလဲအခုဆိုရိပေါ်ကို
ထပ်ပျောက်သွားမှာဆိုးလို့ဆိုပြီးတော့ရိပေါ်ကိုသူ့မျက်စိ
ရှေ့ကနေအပျောက်ကိုမခံပါ။ အဲ့လိုပုံစံနဲ့ဆိုသူကကိုကိုနဲ့
ဘယ်လိုတွေ့ရတော့မည်နည်း။ တစ်ကယ်လို့တွေ့ခွင့်
ရရင်တောင် သူကဘယ်မှာသွားတွေ့ရမှာလဲ?

သွားတွေ့လို့ကိုကိုကသူ့ကိုမောင်းထုတ်ရင်ရော?
အဲ့လိုတွေလိုက်တွေးနေရင်းနဲ့ပဲ ကိုကိုနဲ့နောက်ဆုံးတွေ့ခဲ့
သည့်နေ့ကို ပြန်သတိရသွားသည်။

'မင်းအဲ့လောက်ပြန်ချင်နေရင်လဲပြန်' ဆိုပြီးသူ့ကိုဒေါသ
တကြီးအော်လိုက်တဲ့ကိုကိုကြောင့်သူမှာအဲ့နေ့ကအမှန်
တကယ်လန့်နေခဲ့ရတော့သည်။ တဆက်တည်းကိုကိုက
သူ့ကိုမလိုချင်တော့လို့မောင်းထုတ်တာ ဆိုပြီးတော့လဲ
ကောက်ချင်တဲ့စိတ်လေးနဲ့ တွေးမိပြန်တယ်။

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now