30🍓

804 75 10
                                    

Unicode

‌"ရှောင်းကျန့်"

"ဟင်"

"စောစောစီးစီးကြီးဘာတွေ ထချက်နေတာလဲ"

မနက်အစောကြီးရေဆာလာလို့နိုးသွားရတဲ့ယွီပင်းက
မီးဖိုခန်းထဲက အသံများကြောင့်သွားကြည့်လိုက်တော့
ချက်ပြုတ်‌နေသောရှောင်းကျန့်ကိုတွေ့ရသည်။

အဲ့ဒါနဲ့သူလဲ ဘာတွေချက်နေလဲဆိုတာကိုမေးကြည့်လိုက်
ခြင်းပင်..။

"ဆန်ပြုတ် ပြုတ်နေတာ.."

"ဆန်ပြုတ် ပြုတ်နေတာ?

"အင်း.."

"နေပါဦးဆန်ပြုတ် ပြုတ်နေတာဆိုတော့တစ်ယောက်
ယောက်များဖျားနေလို့လား"

ယွီပင်းက ရှောင်းကျန့်ကိုထိုသို့မေးလိုက်သည်။

"အင်း ဟုတ်တယ်..ဟို..ပေါက်စဖျားနေတာ.."

"အမ်..ညတုန်းကပဲအကောင်းကြီးရှိပါသေးတယ်ကွ"

"အအေးပတ်သွားတာနေမယ်.."

ရှောင်းကျန့်ကထိုသို့ပြောတော....

"အအေးပတ်ရအောင်လဲ ညတုန်းကမိုးတောင်မရွာတဲ့
ကိစ္စကို ရာသီဥတုကပုံမှန်ပါပဲ.."

ဒီကောင်ငပင်းကွာ..တော်တော်ရစ်ရစ်!

"ကျစ်..အဲ့ဒါကကွာညတုန်းကသူဘောင်းဘီမဝတ်ထားလို့
အအေးပတ်သွားတာလဲဖြစ်နိုင်တာပဲ"

"အင်း ဟုတ်တယ်နော်"

"ကဲ စကားမများနဲ့တော့..ငါပေါက်စကိုဆန်ပြုတ်သွား
တိုက်လိုက်ဦးမယ်..မင်းငါ့ကိုရွာထဲမှာဆေးသွားဝယ်ပေး"

"အိုကေအိုကေ....ငါယန်ယန်ကိုပါခေါ်သွားလိုက်မယ်.."

"အင်း ဆေးကိုအဖျားပျောက်ဆေးနဲ့ အကိုက်အခဲ
ပျောက်ဆေးလို့ပြောပြီးဝယ်ခဲ့နော်..ငါစိတ်ချမယ်"

"အေးပါ.."

"အင်းအင်း...အဲ့ဒါဆိုလဲသွားတော့ ငါလဲပေါက်စကို
ဆန်ပြုတ်သွားတိုက်လိုက်ဦးမယ်"

ရှောင်းကျန့်ကပြောပြီးတာနဲ့ပေါက်စရှိတဲ့သူ့ရဲ့အခန်းစီသို့
ဆန်ပြုတ်ပန်းကန်လေးကိုသယ်ကာတတ်သွားတော့သည်

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now