24🍓

842 94 14
                                    

Unicode

"ဝါးး...သာယာလိုက်တာနော်..."

ရှောင်းကျန့်ရဲ့ သစ်သီးခြံတွေကို လှည့်ပတ်ကြည့်နေရင်းဖြင့် ယန်ယန်က သဘောတကျ
ဆိုလေသည်..။

"ဝိုး..ရှောင်းကျန့်.မင်းသစ်သီးခြံတွေက မဆိုးဘူးပဲ.."

"ဟုတ်တယ်...အသီးတွေလဲ အတော်စားကောင်းမဲ့
ပုံပဲနော်..ဟီးး.."

"ယန်ယန်တို့ စားချင်တယ်ဆို အကိုခူးပေးပါ့မယ်..."

"တကယ်လား...ကျေးဇူးတင်ပါတယ်နော် အကို.."

"ရပါတယ်...ဒီခြံထဲမှာ နားလို့ရအောင်နဲ့ အသီးတွေ ဘာတွေထားလို့ရအောင် ‌ဆောက်ထားတဲ့ အိမ်လေး
တစ်လုံးရှိတယ်....တို့‌တွေအခု အဲ့ဒီကိုသွားရအောင်..."

"အေး..သွားကြတာပေါ့..ပြီးတော့ နေကပူတော့ နဲနဲနားချင်လာလို့"

"ဒါဆိုသွားကြမယ်..."

ဒါနဲ့ပဲသူတို့တွေ ခြံထဲက သစ်သားအိမ်လေးစီကို သွားကြတော့သည်။

.
.
.
.

"ကဲ..ရောက်ပြီ..."

ရှောင်းကျန့်က အိမ်ရှေ့တွင်ရှိသော စားပွဲခုံဝိုင်းလေးတွင်
ဝင်ထိုင်လိုက်သည်....

"ဝိုးး...အိမ်လေးက အတော်လှတာပဲ..မိုက်တယ်.."

ယွီပင်းက အိမ်ကို ခန္တာကိုယ်အားလှည့်ပတ်ကြည့်ကာ
ဆိုလာသည်

"လာ..လာ...ထိုင်ကြ...နားကြရအောင်.."

သူပြောလိုက်တော့ ယန်ယန်နဲ့ ယွီပင်းတို့က သူ့ဘေး
တစ်ဖက်စီတွင် ဝင်ထိုင်လာလေသည်...။

မထိုင်သေးတာက ပေါက်စ...

"ပေါက်စ....ထိုင်လေ.."

သူ့ဘေးနားတွင်ရပ်နေသော ပေါက်စကို မော့ကြည့်ကာ
သူဆိုလိုက်သည်...။

" ဟွန့်!

ပေါက်စက နှုတ်ခမ်းကိုထော်၍ ယန်ယန်နဲ့ သူနဲ့ထိုင်နေတဲ့ ကြားကနေရာကို လက်ညှိုးထိုးပြသည်...။

"ဘာလဲ...ပေါက်စ..?

"အွန်းး....

သူမေးမိတော့ ပေါက်စက ထိုနေရာကိုပဲ လက်ညှိုးထိုးပြ
နေလေသည်....။

"အာ...ဝမ်ဝမ်က ဒီမှာထိုင်ချင်လို့လား.."

သူတို့နှစ်ယောက်ကိုကြည့်ကာ ယန်ယန်က
ဝင်ပြောလာတော့သည်။

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now