13🍓

1.2K 133 23
                                    

Unicode

"ဒီဟာလား...?

ခေါင်းခါတယ်..!

"ဒါဆို..ဒီဟာ.."

ခေါင်းခါပြန်တယ်..!

"ကျစ်..ဒါဆိုလဲ မင်းဖာသာမင်းရွေးဝတ်တော့...!
ကိုယ်လဲ မရွေးတတ်တော့ဘူး..."

ညက ရှောင်းကျန့်အိပ်ရေးဝအောင် အိပ်ခဲ့ရပါတယ်...
ညကတည်းက ပေါက်စကို တစ်ကိုယ်လုံးချုပ်ပြီး အိပ်တဲ့
ပုံစံအတိုင်း မိုးလင်းတဲ့အထိ ပေါက်စက အဲ့လိုလေးပင်..

အခုက ဝံပုလွေစုတ်လေးကို ရေချိုး‌ပေး‌ပြီးလို့ အကျ••
ဝတ်ပေးဖို့ကို ဟိုဟာလဲမဟုတ်! ဒီဟာလဲမဟုတ်! နဲ့
အဝတ်ဗီဒိုထဲမှာရှိတဲ့အဝတ်တွေလဲ ကုန်သလောက်ပင်
ဖြစ်နေပါပြီ....။

"လာခဲ့..မင်းဖာသာမင်းလာရွေး..."

ရှောင်းကျန့်က ပေါက်စရဲ့လက်ကိုဆွဲ၍ အဝတ်ဗီဒို
ရှေ့သို့ ခေါ်သည်...။

"အဲ့ဒီမှာ..ရွေး.."

ပေါက်စက ပွင့်နေပြီဖြစ်တဲ့ ဗီဒို‌ထဲသို့ ကိုယ်လုံးလေး
ဝင်သွားလိုက်ကာ စတင်ရွေးပါတော့သည်။

အဝတ်ရွေးတာလား ဖွတာလားတော့ မသိပါဘူး...
ရှောင်းကျန့်ကိုယ်ကို အဝတ်တွေလာမှန်တာတော့
တစ်ထည်ပြီး တစ်ထည်....။

ဒါပေမဲ့ လွှတ်ထားပေးလိုက်ပါမယ်....စိတ်ကြိုက်
ရွေးပါစေ...

' ဘက်..!

ရှောင်းကျန့်မျက်နှာကို လာမှန်ပြီး ခေါင်းမှာလာအုပ်တဲ့
အဝတ် တစ်ထည်....

ယူပြီးကြည့်လိုက်တော့ အတွင်းခံ!!

"ရားး ပေါက်စ..ဒါတော့မင်းများသွားပြီ!! မင်းကို
အဲ့လို အဝတ်ရွေးရမယ်လို့ ဘယ်သူ သင်ထားပေးလဲ ဟမ်.!! "

ပြောရင်း အဝတ်ဗီဒိုထဲဝင်နေသည့် ပေါက်စရဲ့
ကိုယ်လုံးလေးကို လက်မောင်းကနေ ဆွဲယူလိုက်သည်။

ပေါက်စက သူ့ကိုကြည့်ကာ ခေါင်းကို ခါပြတယ်...။
အဝတ်ဗီဒိုကို ကြည့်လိုက်တော့လဲ အဝတ်တွေတစ်ထည်
မျှပင်မရှိတော့....

သဘောက တစ်ထည်မှသဘောမကျဘူးဆိုတဲ့ သဘော..

"ဒါဆို အဲ့ဒီအတိုင်းလေးပဲတစ်နေကုန်နေ နေလိုက်တော့..
ဟင်း.."

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now