22🍓

702 84 8
                                    

Unicode

ရှောင်းကျန့်က ကုတင်ခြေရင်းနားတွင် ထိုင်နေကာ
အိပ်ပျော်နေတဲ့ ပေါက်စကိုကြည့်ရင်း အတွေးများစွာဖြင့်.........

မူးမူးနဲ့ သူ့ကိုလာနမ်းနေတဲ့ပေါက်စက ခုကြတော့လဲ
အိပ်နေတာ သိုးလို့.........

ထိုကလေးက အဲ့ဒါတွေကို ဘယ်ကတက်လို့ တက်လာ
မှန်းမသိ?

သူတတ်တာက အရေးမကြီးဘူး! ပေါက်စတစ်ခါအဲ့လို
ပြုမူလိုက်တိုင်း ရှောင်းကျန့်ရင်ဘက်ထဲက အကောင်
ပေါက်က ထိန်းမရသိမ်းမရနဲ့ ခုန်ပေါက်လာတာ...

အဲ့တာက ခတ်တယ်! လူက အသက်ကြီးလာကာမှ
ဘာတွေဖြစ်နေမှန်းမသိ!

ဟူးးး....

သက်ပြင်းကိုချကာ စိတ်ရှုပ်ရှုပ်နဲ့ဆံပင်တို့ကို ဆွဲဖွပစ်
လိုက်သည်။

"တော်ပြီ! ဘာမှမတွေးပဲ အိပ်တာပဲကောင်းတယ်"

ဒီကလေးနဲ့အတူအိပ်ရမှာတောင် ခပ်လန့်လန့်!

.
.
.
.
.

ရှောင်းကျန့်က မီးဖိုခန်းထဲမှာ အားလုံးစားဖို့အတွက်
မနက်စာကို ပြင်ဆင်နေရသည်....။

လူကသာ မနက်စာကို ပြင်ဆင်နေရတာ စိတ်တွေကတော့
ဂယောက်ဂယက်......

ပေါက်စက ဘယ်လိုအတွေးတွေနဲ့များ ဘယ်လိုတောင်
ရှောင်းကျန့်ကို ထိုသို့ ပြုမူနေတယ်မသိ....

ငါနှစ်ရှည် ထိန်းသိမ်းစောင့်ရှောက်လာတဲ့ အနမ်းဦး
လေးတွေလဲ ပေါက်စနဲ့တော့ သွားကုန်ပြီ.....

"အကို...."

"ဟမ်....အော် ညီမ.အင်း ပြော"

သူ‌တွေး‌နေတုန်းမှာပဲ ယန်ယန်က သူ့ဘေးနားသို့
ရောက်လာလေသည်....။

"ဟို..ညီမ ဘာဝိုင်းကူလုပ်ပေးရမလဲဟင်..."

"အာ..ရပါတယ်..ညီမရဲ့၊ အကို့ဖာသာ အကိုလုပ်လိုက်
ပါ့မယ်...ညီမတို့က ထိုင်စောင့်နေပါ"

"ဟာ...အကိုကလဲ သူများအိမ်မှာလဲ အလကားကြီး
လာနေသေးတယ်..သူများ‌ချက်ကြွေးတာကိုလဲ ဒီအတိုင်း
ထိုင်စားနေရမယ်ဆိုတာတော့ မဟုတ်သေးပါဘူး......
ယန်ယန်လဲ ဝိုင်းကူပေးမယ်လေနော်..."

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now