Episode - 1

50.1K 2K 24
                                    

'တီ....တီ...တီ...'

အဆက်မပြတ်မြည်လာသော နာရီနှိုးစက်သံကြောင့် လွန်းအိပ်ရာထက်မှ လူးလွန့်ကာ ထလာသည်။ ပြီးတော့ နာရီကို တချက်ကြည့်လိုက်ပြီး တပြိုင်တည်း ဘေးက သားလေးကိုပါ လှမ်းကြည့်လိုက်သည်။နာရီလက်တံကိုကြည့်လိုက်တော့ နာရီလက်တံအတိုက 6 ကိုညွှန်ပြကာ လက်တံအရှည်ကတော့ 12 ကိုညွှန်ပြနေလေသည်။ထို့နောက် နှိုးစက်ကိုပိတ်ပြီး ရေချိုးခန်းထဲ၀င်ကာ မျက်နှာသစ်ရေမိုးချိုးလိုက်သည်။ ပြီးရင် မီးဖိုခန်းထဲ၀င်ပြီး ထမင်းချက်ရမည်။ ထမင်းကျက်တော့မှ ဘုရားဆွမ်းတော်ကပ် ဘုရားပန်းလဲ ဘုရား၀တ်ပြုရသမည်။ပြီးရင် သားလေးကိုနိုးကာ ရေချိုးအ၀တ်လဲ ထမင်းကျွေးပြီး ကျောင်းပို့ပြီး လွန်းက ကုမ္ပဏီကို ဆက်သွားရမည်။ဒါကတော့ လွန်းရဲ့ နေ့တစ်နေ့ပဲလေ...။

"သားရေ..မဟာလေး ထတော့လေ သား...ကျောင်းသွားရဦးမယ်လေ..လိမ္မာတယ်နော် ထတော့..ဟုတ်ပြီလား ပါးပါး ရေချိုးပေးမယ်နော် ထတော့...ထတော့..."

လွန်းနိုးတာကို မထပဲ အင်း အဲ ဆိုပြီး လူးလိမ့်ကာ ပြန်အိပ်သွားသော ခေတ်လွန်းမဟာပါလေ။
ခေတ်လွန်းမဟာ ဆိုတာ လွန်းရဲ့တစ်ဦးတည်းသော သားပေါ့။ ပြောရမယ်ဆိုရင် လွန်းကိုယ်တိုင် ၀မ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့ သားဖြစ်သည်။

"ကဲ....မဟာ ပါးပါး စိတ်ဆိုးလာပြီနော်....ထမလား မထဘူးလား..."

လေသံလေးနည်းနည်းမာလိုက်တော့မှ

"ပါးပါးကလဲ သားက ၅မိနစ်လေး အိပ်တာကို..."

မျက်နှာငယ်လေးနဲ့ ပြောလာတော့လဲ ဒီလူကပဲ မနေနိုင်ဖြစ်ရပြန်သည်။ မဟာလေးက အခုမှ 4 နှစ်ကျော် 5 နှစ်ထဲမှာ။ ကိုယ့်အပေါ် သိပ်သိတတ်လွန်းတဲ့ သားလေး။ သူ့ပါးပါးရဲ့ မျက်နှာရိပ် မျက်နှာကဲ ကိုလဲ သိပ်ကြည့်တတ်လွန်းတယ်။ သားလေးဘ၀မှာ သူပဲ အဖေ သူပဲ အမေ အဖြစ်နဲ့ နေလာတာ သားလေး သူ့၀မ်းထဲ တည်ဆဲကပင်ဖြစ်သည်။ သားလေးမှာ အမေမှ မရှိဘဲ.. သူကိုယ်တိုင် ၀မ်းနဲ့လွယ်ခဲ့ရတာပဲလေ။ ဒါဆို...ဟုတ်တာပေါ့ သားလေးရဲ့ အဖေရှိသေးတယ်လေ... သို့ပေမယ့် သူ့ဘ၀ထဲမှာ ထိုလူဟာ သေဆုံးသွားခဲ့ပြီ။ သားလေးရဲ့ စိတ်ထဲမှာကိုတော့ အသိပင်ပေးမထားခဲ့ဘူး။ သိစရာလဲ မလိုအပ်ဘူးလေ ထိုလူဆိုတာ သူတို့အတွက် သေလူသာသာပဲ..။

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now