Episode - 21

17K 924 31
                                    

ရုံးခန်းထဲမယ် ထွဋ်တစ်ယောက်သာရှိနေသည်။
လွန်းက သားကို ကာကွယ်ဆေးသွားထိုးပေးနေသည်။ ထွဋ်ပါလိုက်သွားဖို့ လုပ်ပေမယ့် နိုင်ငံခြားက ဧည့်သည်တွေက ထွဋ်ကို တွေ့ချင်တယ်ဆိုတာကြောင့် ထွဋ်လိုက်မသွားလိုက်ရ။

ထွဋ်တစ်ယောက်ထဲရှိနေချိန်ဖြစ်တာကြောင့်
အတွေးတွေက လွန်းနဲ့မဆုံခင်အချိန်ကာလဆီ ပြန်သွားနေသည်။

တစ်နှစ်ဆိုတဲ့ အချိန်က တစ်ခဏလေးလိုပင်။
အရင်က ထွဋ်ဘ၀မှာ အရေးကြီးဆုံးအရာက သူ့ဘ၀ကို ပြောင်းပြန်ဖြစ်အောင် လုပ်သွားတဲ့ ဦးစစ်နောင်ကို အပြစ်ပေးဖို့ဖြစ်သည်။

သို့ပေမယ့် အခုချိန်မှာတော့ သူ့ဘ၀အတွက် အရေးအကြီးဆုံးအရာကို သူရှာတွေ့ခဲ့ပြီ။ လွန်းနဲ့သားလေးကို စောင့်ရှောက်ဖို့က သူ့ဘ၀အတွက် အရေးအကြီးဆုံးတာ၀န်ပဲ။

ဒါကြောင့် အကျိုးမရှိတဲ့အရာတွေကို သူဆက်မလုပ်ဖို့ ဆုံးဖြတ်ထားသည်။ လွန်းနဲ့လက်ထပ်ပြီး ပျော်စရာကောင်းတဲ့ မိသားစုဘ၀လေးကို တည်ထောင်ချင်လှပြီ။

အတွေးနဲ့တင် ပျော်ဖို့ကောင်းလွန်းနေသည်။နောက်သုံးလေးရက်ဆိုရင် သူနဲ့လွန်းရဲ့ 1 year ပင် ရောက်လာတော့မည်။
အတွေးတွေနယ်ကျွံနေစဥ် ဖုန်းတစ်ကောကို လက်ခံရရှိလိုက်သည်။

" Hello "

"

" ဘယ်လို!! ဒီကိစ္စတကယ်ပဲလား "

"

" ဟုတ်ကဲ့ ကျေးဇူးပါ လေးလေး "

တောက်စ်!! ဒီလူကတော့ လွှတ်ထားပေးဖို့ကို စဥ်းစားလို့မရဘူးပဲ။ မထိသင့်တဲ့လူကို လာထိရင် ဘာအကျိုးဆက်တွေ ခံစားရမလဲဆိုတာ သိသင့်သည်။

ထိုစဥ် တံခါးဖွင့်သံနှင့်အတူ ခေတ်လွန်းမဟာလေး။

" Daddy "

" Daddy သားလေး ရောက်လာပြီလား "

" ဟုတ် Daddy...Daddy သိလား ပါးပါးလေ သားသားဆေးမထိုးချင်ပါဘူးဆိုတာကို အတင်းထိုးခိုင်းတယ် "

နှုတ်ခမ်းလေးဆူကာ ထွဋ်ကိုပြန်တိုင်နေပြန်သည်။

" ဟင် ဟုတ်လား ဒါဆို Daddy ပါးပါးကို ရိုက်ပြစ်လိုက်မယ်နော် "

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now