Episode - 15

21.2K 1.1K 17
                                    

ထွဋ် ဟန်မေသူခေါ်တဲ့နောက်ကို လိုက်လာပြီး လူကြီး၀ိုင်းမှာစကားပြောနေပေမယ့် စိတ်က လွန်းဆီသာရောက်နေတာမို့ စကားစဖြတ်ကာ လွန်းဆီပြန်လာလိုက်သည်။ဘေးကနေ ဟန်မေသာ ပေါက်ပေါက်ဖောက်သမျှကိုလဲ နားထောင်ပေးရသေးသည်။

လွန်းအနားမရောက်ခင် လူတွေစုရုံး စုရုံးဖြစ်နေတာကို တွေ့လိုက်ရသည်။

လှမ်းကြည့်လိုက်တော့ လွန်းရှိတဲ့နေရာဖြစ်နေတာမို့ စိတ်ပူပြီး လွန်းဆီအသွား မြင်လိုက်ရတဲ့ မြင်ကွင်းတချို့။ လွန်းရဲ့အင်္ကျီမှာ ၀ိုင်တွေစွန်းနေသည့်အပြင် လွန်းက ခေါင်းပါငုံထားတာကြောင့် အပြေးသွားလိုက်စဥ် ကြားလိုက်ရတဲ့ အသံကြောင့် လူပါသတ်ချင်သွားသည်။

"ဘာပြောတယ်..ရှင့်လိုအခြောက်များ ငါ့ကိုပြောရဲတယ်ပေါ့ လူပါး၀လို့"

ဖြန်း!!!

"မောင်.."

ဟင်!!!!

ဟာ!!!

ဖြန်းခနဲအသံနဲ့အတူ လူပေါင်းများစွာရဲ့ အသံတွေရယ် လွန်းရဲ့ မောင်လို့ခေါ်သံပါ လွင့်ပျံလာသည်။
မောင်က ထိုအမျိုးသမီးကို ပါးရိုက်လိုက်ခြင်းဖြစ်သည်။

"ရှင်..ရှင်ကဘာလုပ်တာလဲ ဘာလို့ကျွန်မကိုရိုက်ရတာလဲ"

"ခင်ဗျားကရော ဘာအဆင့်နဲ့ ကျုပ်အမျိုးသားလောင်းကို စော်ကားရတာလဲ ဟမ်!!"

ထွဋ်ရဲ့အသံက တိတ်ဆိတ်သွားတဲ့ ခန်းမထဲမှာ ဟိန်းနေအောင်ထွက်လာသည်။ လွန်းပါ တုန်တတ်သွားသည်။ ထိုအမျိုးသမီးကလဲ မခံမရပ်နိုင်နဲ့ ပြန်ပြောသည်။

"ဒီမှာ!! ရှင်အကောင်က ကျွန်မကို၀င်တိုက်လို့ ကျွန်မအင်္ကျီတွေ စွန်းထင်းကုန်ပြီ ဒီအင်္ကျီက ဒီဇိုင်နာချုပ် သိရဲ့လား ရှင်တို့တစ်နှစ်လောက်စုဆောင်းပြီး အလျော်ပေးရင်တောင် မရဘူး "

လွန်းကို အကောင်လို့ ပြောလိုက်တဲ့ ထိုမိန်းမကို ကြည့်ပြီး ဟက်ခနဲ ရယ်သံတစ်ချက်ထွက်လာပေမယ့် မျက်လုံးတွေက စူးရဲနေသည်။ သူ့ဒေါသကိုမထိန်းနိုင်ရင် ဒီနားမှာတင် လူသတ်မှုဖြစ်တော့မည်။

"မောင်.. လွန်းမဟုတ်နော်..သူ့ဘက်က လွန်းကို၀င်တိုက်တာ"

"စိတ်လျှော့နော် လွန်း မောင်သိတယ် ဟုတ်ပြီလား"

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now