Episode - 12

23.4K 1.2K 43
                                    

"ဟန်မေသူ!"

"ဟင်! ကိုမင်း..ဒါ ကိုမင်း Companyလား။ "

ထွဋ်ထိပ်ခေါင်မင်း သူမရဲ့ ရည်းစားတွေထဲက တစ်ယောက်။ တစ်ချိန်က သူမကို အသည်းအသန်ချစ်ရေးဆိုခဲ့တဲ့လူ၊ သူမရဲ့ ကစားရုပ်လေးတွေထဲတစ်ယောက်ဖြစ်တဲ့ ဒီလူကစီးပွားရေးလောကရဲ့ ပထမနေရာပိုင်ရှင် ထွဋ်ထိပ်ခေါင်မင်းလား။ စစချင်းနာမည်ကြားတော့ နာမည်တူတယ်ပဲထင်ခဲ့တာ။ အခုတော့ လူပါတူနေတာလား။ အဟင်း! ဒီတစ်ခါတော့ ရှင့်ကိုကျွန်မ လက်လွှတ်မခံတော့ဘူး ကိုမင်း။

"ရှူး! မင်းအသံတိုးတိုးပြောလို့မရဘူးလား။ "

ကိုမင်းအသံကြောင့် ဟန်မေသူအတွေးတွေရပ်တန့်သွားရသည်။ ကိုမင်းက ဆိုဖာဘေး ကြမ်းပြင်ပေါ်မှာ ထိုင်ချထားပြီး ဆိုဖာပေါ်မှာက မိန်းကလေးတွေထက် ချစ်စရာကောင်းလွန်းတဲ့ ကောင်လေးတစ်ယောက်ကိုမြင်တော့ သူမမျက်နှာတစ်ချက်ပျက်သွားရသည်။ ပြီးမှ သူမအလှဆုံးပြုံးလိုက်ပြီး

"သြော်! sorry နော် ကိုမင်း။ မေသူ​က အံ့သြသွားလို့ပါ အဟင်း"

"ရတယ်၊ ထပ်ပြီးသာ အသံမထွက်စေနဲ့၊ လိုက်လာခဲ့"

ထွဋ် အသံကြားရာလှည့်ကြည့်တော့ ဟန်မေသူဆိုတဲ့ သူမ။ တစ်ချိန်က သူ့ကိုနယ်ရုပ်လေးလို လှလှပပ ကစားသွားခဲ့တဲ့ သူမ။ ကျစ်! စိတ်ရှုပ်လိုက်တာ အသံအကျယ်ကြီးနဲ့ပြောနေတယ်။ လွန်းအိပ်ရေးပျက်တော့မှာပဲ။ သူတစ်ချက်ဟောက်လိုက်တော့မှ ပြုံးပြလာသည်။ ဟာ! စိတ်ရှုပ်စရာတွေ လာတော့မှာပဲကွာ။ ဘာပဲဖြစ်ဖြစ် လွန်းကိုသာမထိခဲ့ရင်တော့ ကိုယ့်နဲ့က အနေသာကြီးပဲ။

"ရပြီ ပြောတော့ "

လွန်းရဲ့ဆိုဖာနဲ့ အနည်းငယ်ဝေးတဲ့ သူ့စားပွဲမှာ ထိုင်လိုက်ပြီးမှ ပြောလိုက်သည်။

"ကိုမင်းကလဲ! မေသူတို့က အခုမှတွေ့ဖူးတဲ့လူတွေကျလို့ စကားတွေက သူစိမ်းဆန်လိုက်တာကွာ"

"ဒီက မဟန်မေသူ အခုရောက်နေတာ ကုမ္ပဏီပါ ကုမ္ပဏီကိုလာတာက အလုပ်ကိစ္စပဲမလား အလုပ်ကိစ္စပဲပြောပါ ပြီးတော့ ကျုပ်နာမည်က ထွဋ်ထိပ်ခေါင်မင်း ကျုပ်ကို CEO ထွဋ်လို့ပဲခေါ်ပါ ကျုပ်နာမည် ကိုမင်းမဟုတ်ဘူး ရပြီ စပြောတော့"

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now