Episode - 23

16.5K 933 29
                                    

ဒိုင်း!!

" Boss!! "

" မောင့်!!! "

သားကိုချီထားတဲ့ ဇွဲမာန်ကို ကျော်ပြီး နောက်ကနေ,၀င်ကာလိုက်တာကြောင့် ထိုလူပြစ်လိုက်တဲ့ ကျည်ဆန်က ထွဋ်ရဲ့ ညာဘက်လက်မောင်းကို ဖောက်၀င်သွားသည်။ အရှိန်ကြောင့် မြေပေါ်သို့ ဗိုင်းကနဲ ပြစ်ကျသွားသည်။

ဇွဲမာန်က ​သားကို မြေပြင်ပေါ်ချပြီး ပြေးထူးလာသည်။ ကားနောက်ခန်းတွင်ရှိသော လွန်းက အဝေးကနေလှမ်းကြည့်ရုံနှင့်ပင် တုန်လှုပ်နေသည်ကို တွေ့ရပြီး ဖြူဖပ်နေကာ သွေးမရှိတော့သယောင်။

" Boss "

" ငါဘာမှမဖြစ်ဘူး သားကို ကားပေါ်သွားထားလိုက် "

" Boss!! ဟုတ်ကဲ့ "

​သွေးထွက်လွန်မှာစိုး၍ ပြောရန်ပြင်လိုက်သော်ညား Boss အကြည့်ကြောင့် စကားကိုသာ ပြန်ထိန်းလိုက်ရတော့သည်။ ထို့နောက် မဟာလေးကို အစ်ကိုလွန်းရဲ့လက်ထဲ သွားထည့်ပေးလိုက်သည်။

သေနတ်သံတွေကြောင့် လွန်းတစ်ယောက် သားကို ပွေ့ချီထားရင်း တုန်လှုပ်နေမိသည်။

လွန်းကြောင့်သာ!! လွန်းကြောင့် မောင်ရော သားပါ ထိခိုက်ရပြီ။ တောင်းပန်ပါတယ် မောင်ရယ် လွန်းကြောင့်ပါ။ လွန်းအပြစ်တွေပါ။

ထို့နောက် ထွဋ် မြေပြင်ပေါ်ကနေ ထကာ ဦးစစ်နောင်ရှိလောက်မည့် အနောက်ဘက်၀န်းအပေါက်ဆီ ပြေးသွားလိုက်သည်။ ဇွဲမာန်သည်လဲ ဂိုဏ်းသားအချို့ကို အစ်ကိုလွန်းနဲ့သားဆီ ကာကွယ်ခိုင်းကာ Boss နောက်သို့ပြေးလိုက်သွားလိုက်သည်။

အနောက်ဘက်ရောက်တော့ Ren က ဦးစစ်နောင်ကို မိထားကာ Boss ရှေ့တွင် ဒူးထောက်ထားခိုင်းလေ၏။

သေနတ်ဒဏ်ကြောင့် လက်ကနေ သွေးများတစ်စက်ချင်းကျနေပြီး ထိုလက်နှင့်ပင် သေနတ်ကိုကိုင်ကာ မျက်စံသားတွေနီရဲနေပြီး လည်ပင်းကြောတွေထောင်နေပုံက မြင်ရသူတိုင်း ဒူးထောက်ပြစ်ချင်လောက်အောင် ကြောက်ရွံဖွယ် နတ်ဆိုးတစ်ပါးအသွင်။

" ထွဋ်..ထွဋ်ထိပ်ခေါင်မင်း "

" အဟက် ကျုပ်ပဲ!! ကျုပ်ဘာပြောခဲ့လဲ ဦးစစ်နောင် လွန်းကိုထိတဲ့လူတိုင်း ဘယ်သူပဲဖြစ်ဖြစ် ကျုပ်လက်က လွှတ်မှာ မဟုတ်ဘူးဆိုတာ ကျုပ်သတိမပေးခဲ့ဘူးလား!! "

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now