Episode - 6

25.3K 1.4K 39
                                    

.
.
.
.
ထွဋ် မြန်မာနိုင်ငံ ပြန်ရောက်တာ ၆လလောက်ရှိလေပြီ။ လွန်းနဲ့လဲ အတော်အသင့်ရင်းနှီးလာလေပြီ..။ လွန်းက လူကြီးလေးလိုနေတတ်ပေမယ့် သူတကယ်ခင်တဲ့သူရှေ့ရောက်ရင် ကလေးလေးလိုဖြစ်သွားတတ်တာ..။ သူနဲ့ခင်ပြီးနောက်ပိုင်း လွန်းအကြောင်းသိလာတာက လွန်းမှာ မိဘတွေမရှိတော့ဘူး..။ ငယ်ငယ်ကတော့ အိမ်တစ်အိမ်မှာနေပြီး အလုပ်လုပ်ရင်း ကျောင်းတတ်ခဲ့ရတယ်.။ တက္ကသိုလ် နောက်ဆုံးနှစ်မှာ ထိုအိမ်ကထွက်လာခဲ့ပြီး ကုမ္ပဏီမှာ အလုပ်ဝင်ပြီး သားသားလေးကို ပျိုးထောင်ခဲ့တယ်တဲ့..။ အခုထိ သားသားလေးအဖေဘယ်သူလဲဆိုတာ ထွဋ်မသိရသေးဘူး..။ မေးဖို့လဲမစဉ်းစားမိပါဘူး..။ လွန်းကို အတိတ်မှာ ပိတ်လောင်မထားချင်ဘူး..။ ပျော်စရာကောင်းတဲ့အနာဂတ်တွေကိုပဲ ဖန်တီးပေးချင်တာ..။

ဒီနေ့အလုပ်ပိတ်ရက်မလို့ ထွဋ်အိမ်မှာပဲနေပြီး ဉီးစစ်နောင်ကို ထိုးစစ်ဆင်ရန် တွေးနေသည်။ထိုစဉ်

Ring...Ring...Ring...

📲Boss..📲

📱အင်း ဇွဲမာန်ပြော.📱

📲Sitt Group က မနက်ဖြန် dinner ပွဲကို ဖိတ်ထားပါတယ် boss..📲

📱မနက်ဖြန် 📱

📲ဟုတ်ပါတယ် boss📲

📱ကောင်းပြီ စီစဥ်ထားလိုက် ပြီးတော့ မနက်ဖြန်အတွက်ပွဲကို လွန်းကို ငါ့ pataner အဖြစ်ပွဲတတ်ဖို့ပြောထားလိုက်📱

📲ဟုတ်ကဲ့ boss 📲

ဇွဲမာန်က ထိုသို့ပြောကာ ဖုန်းချသွားသည်။
အဟက်....ဦးစစ်နောင် ခင်ဗျားကတော့ မီးနဲ့ကစားချင်နေတာပဲ..။ မီးဆိုတာ သုံးတတ်ရင်အန္တရာယ်မရှိပေမယ့် မသုံးတတ်ရင်တော့ ကိုယ့်ကိုပြန်ပြီး လောင်ကျွမ်းစေတယ်ဆိုတာ မသိသေးဘူးပဲ..။

~~~~~~~~~~~~~~~~~~~~

ဇွဲမာန်တစ်ယောက် Boss နဲ့ လွန်း အတွက် ၀တ်စုံပြင်ဆင်​ပေးဖို့ boss ပိုင်တဲ့ ကုန်တိုက်ဆီထွက်လာခဲ့သည်။ ကုန်တိုက်ထဲရှိ  တစ်နေရာအရောက်တွင် လူသုံးလေးဦး ရုန်းရင်းဆန်ခတ်ဖြစ်နေတာ တွေ့လိုက်ရသည်။ သို့သော်လည်း ကိုယ်နဲ့မဆိုင်သလို သဘောထားပြီး ထွက်သွားရန်ပြင်လိုက်စဥ် ထိုလူစုထဲက အသံသေးသေးလေး တစ်သံ ထွက်လာသည်။

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now