Episode - 33

17.7K 801 35
                                    

.
.
.
.
.
ကိုယ်၀န် 2 လ ...

ထွဋ် မြန်မာနိုင်ငံပြန်ရောက်တာနဲ့ လွန်းကို ကုမ္ပဏီကနေ ထွက်ခိုင်းလိုက်သည်။ လွန်းဆန္ဒ​လဲ ပါလေသည်။

မဟာလေး ကိုယ်၀န်တုန်းက လွန်း ဂရုတစိုက် မစောင့်ရှောက်ပေးခဲ့ရဘူး ။ ကိုယ်၀န်ဆိပ်တက်တာတွေ ၊ ချဥ်ချင်းတက်တာတွေ ၊ စိတ်အလိုမကျတာတွေလဲ တစ်ယောက်ထဲဖြစ်တာကြောင့် ဘာကိုမှ အလေးမထားမိခဲ့ချေ။ သိပ်ပင်ပန်းခဲ့ရသည် ။ သို့ပေမယ့် ခွဲခန်းထဲကထွက်ပြီး အနားယူပြီးတာနဲ့ မဟာလေးကို သွားကြည့်လိုက်တဲ့အချိန်မှာ လွန်း ပင်ပန်းခဲ့သမျှအရာတွေက မြူမှုန်သာသာပင် ။

အခု ဒုတိယကိုယ်၀န်မှာတော့ ပင်ပန်းတယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုပင် ပြန်ပြီးရှာရတော့မလို ။

" လွန်းရေ .... "

" ​ဟင် !! ... မောင် ပြန်လာပြီလား ဒီနေ့စောတယ်နော် "

" မဟုတ်ပါဘူးကွာ ... ဒီနေ့ project အတွက် Japan က ဧည့်သည်တွေလာတာ အဲ့တာ သူတို့ကို နေ့လည်စာလိုက်ကျွေးပြီးတာနဲ့ အလုပ်မရှိတော့လို့ ပြန်လာတာပါ "

Ceo ရုံးခန်း စားပွဲပေါ်က files တွေကတော့ ထွဋ်ကို ပြောင်ပြနေတော့မည်။

" ဟွန့် .... ပြီးတာပဲ "

" ဟောဗျာ ... အသက်ရယ် ကျွန်တော်မျိုးက တကယ်ပြောတာပါဗျာ ... ရွှေစိတ်တော်မညိုးပါနဲ့လား "

" ဟာ မောင် !!! သွား ... သွား ရေသွားချိုးတော့ ပြီးရင် သားကို ကျောင်းသွားကြိုမယ် "

" ဟုတ်ပါပြီဗျာ ... "

" ဟွန့် !! "

" ဟား ဟား ဟား "

လွန်း နဖူးလေးကို တစ်ချက်နမ်းကာ ရေချိုးရန် သွားလိုက်တော့သည်။
ထွဋ် ဒီလတွေမှာ သိပ်ပျော်နေတာဖြစ်သည်။
ဟာ၀ိုင်အီက ပြန်လာထဲက လွန်းက စိတ်ဆက်လာသည် ။ တစ်ခါတစ်ခါဆို အကြောင်းပြချက်မရှိပဲကို စိတ်ဆိုးတတ်လာသည် ။ အရင်ကထက်လဲ ချွဲလာသည် ။

ဒါတွေကို ထွဋ်စိတ်ဆိုးသလားဆိုတော့ No ပါ ။ ပိုသဘောကျတာပေါ့ ။ ကိုယ်ချစ်ရတဲ့သူက ကိုယ့်အပေါ် အားကိုးတာတွေ သဘောမကျတဲ့သူ ဘယ်မှာရှိလို့လဲ ။

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now