Episode - 35 𝙵𝚒𝚗𝚊𝚕

24.8K 833 17
                                    

.
.
.
.
.
4 𝚢𝚎𝚊𝚛𝚜 𝚕𝚊𝚝𝚎𝚛 ! ! !

ကမ်းခြေတစ်ခု၏ သဲသောင်ပြင်ပေါ်၌ တစ်ဦးပေါ်တစ်ဦး မှီလျက်ရှိနေတဲ့ သူနှစ်ဦးသည် ဘယ်နေရာကနေကြည့်ကြည့် အလွန်တရာမှ လိုက်ဖက်နေသည် ။
သေချာကြည့်လျှင်တော့ တစ်ဦးက အခြားတစ်ဦး၏ ရင်ခွင်ထဲ၌ တည်ရှိနေခြင်းကို မြင်ရလိမ့်မည် ။

ထိုလူနှစ်ဦးက မြန်မာနိုင်ငံ၏ စီးပွားရေးဘုရင် ထွဋ်ထိပ်ခေါင်မင်းနှင့် သူ၏ ခင်ပွန်းအသည်းအသက် လွန်းခေတ်လျှံ တို့ပင် ။

4 နှစ် ....
ထွဋ်တို့ အိမ်ထောင်သက်ပင် 4 နှစ်ပြည့်သွားခဲ့ပြီ ။
4 နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကလေးတွေအပြင် ဇွဲတို့လင်မယား အဲ.. လင်လင်ရယ် ၊ 𝚁𝚎𝚗 တို့အတွဲရယ်ပါ ကမ်းခြေသို့ လာရောက်ကြခြင်းပင် ။

𝚁𝚎𝚗 နဲ့ 𝙹𝚞𝚜𝚝𝚒𝚗 ကတော့ အခုထိ လက်မထပ်ကြသေး ။
လက်မထပ်ပဲ ဒီအတိုင်းပဲ နေကြမယ်ဆိုလို့ အံ့သြကြရသေးသည် ။
သို့ပေမယ့် ထွဋ်တို့ ၀င်မပြောကြပေ ။
ဒါက သူတို့၏ ကိုယ်ပိုင်လွတ်လပ်ပိုင်ခွင့် မဟုတ်လား ။

အခုဆို ထွဋ်တို့မှာ မဟာလေးအပြင် ထွဋ်ပေါက်စလေးတောင် ရှိလာခဲ့ပြီ မဟုတ်လား ။
လွန်ခဲ့တဲ့ 4 နှစ်က လွန်းက သူ့အတွက် သားလေးတစ်ယောက်ကို ထပ်ပြီးခေါ်ဆောင်လာပေးခဲ့၏ ။

< < < < <

4 𝚢𝚎𝚊𝚛𝚜 𝚊𝚐𝚘 ....

𝚃𝚒𝚗𝚐!!!

ခွဲခန်းရှေ့က မီးစိမ်းလေး အချက်ပြကာ ဆရာ၀န်ထွက်လာပြောတော့မှ ထွဋ်မှာစိတ်ဒုန်းဒုန်းချနိုင်တော့သည် ။

" 𝙲𝚘𝚗𝚐𝚛𝚊𝚝𝚞𝚕𝚊𝚝𝚒𝚘𝚗 ပါဗျာ... သားယောက်ျားလေးပါ ကလေးရော လူကြီးရော ကျန်းမာပါတယ် .. "

" ဟာ !!! ကျေးဇူးတင်ပါတယ် ... ကျေးဇူးတင်ပါတယ် ... "

ထွဋ် ပျော်လွန်း၍ မျက်ရည်ပင် ကျလာရသည် ။
ပြီးတော့ တိုက်ဆိုင်စွာ ဒီနေ့က မဟာလေးရဲ့ မွေးနေ့ March, 7 ။
သားကြီးရော ၊ သားငယ်ရော တစ်နေ့ထဲ ၊ တစ်ရက်ထဲ ၊ တစ်လထဲ ။
ဟားးး ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ ။

" 𝙳𝚊𝚍𝚍𝚢 !!! 𝙳𝚊𝚍𝚍𝚢 .. ဒါဆို သားသား ညီလေး ရပြီပေါ့ "

" ဟုတ်တာပေါ့ကွ ... ဟား ဟား "

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now