Extra - 3

18K 613 28
                                    

.
.
.
.
.

တီ တီ တီ *

ဟွန်းတီးသံနဲ့အတူ ခြံထဲရောက်လာတဲ့ ကားနှစ်စီးကြောင့် လွန်းအံ့သြသွားရသည် ။

ဘာလို့ မောင်နဲ့သားတို့က အတူတူပြန်လာတာလဲမသိ ။

ထို့နောက် ခြံထဲဆင်းကာ မောင့်အိတ်ကိုဆွဲယူလိုက်တော့ မောင်က လွန်းခါးလေးကို ဆွဲဖက်လိုက်သည် ။ လွန်းမျက်နှာက ချက်ချင်းပင် စတော်ဘယ်ရီသီးလို နီရဲသွားတော့သည် ။
သားတို့နှစ်ယောက်က ပြုံးစိစိနှင့် ။

အကုန်လုံးစုပြီး ဧည့်ခန်းထဲ ၀င်ထိုင်လိုက်ပြီး လွန်းကနေပဲ စကားစလိုက်ကာ

" မောင်တို့က ဘယ်လိုလုပ် အတူတူပြန်လာကြတာလဲ "

" အဟမ်း !! ဟို ဒီနားရောက်မှ သားတို့နဲ့ဆုံတာပါ "

" ဟုတ် .. ဟုတ်တယ် ပါးပါး ထွဋ်ထွဋ်က နေသိပ်မကောင်းချင်လို့တဲ့ အဲ့တာ ဒီနေ့ နားခိုင်းလိုက်မလို့ "

" ဟုတ်တယ် ပါးပါး "

Daddy က ရှေ့ကနေ ချောင်းဟမ့်ပြီး တိုင်ပေးတော့လဲ ခေတ်တို့က နောက်ကနေ အလိုက်သင့် မျှောရုံပေါ့ ။

" ဟင် !! ဘယ်လိုဖြစ်တာလဲ ထွဋ်ထွဋ် ... အရမ်းဆိုးနေလားဟင် .. ပါးပါး ဆန်ပြုတ်လေး ပြုတ်ပေးမယ်နော် အရင်ဆုံး အပေါ်ထပ် တက်သွားနားလိုက် "

" သားက ပါးပါးရင်ခွင်ထဲ ဒီလိုလေးနေလိုက်ရင် သက်သာသွားပါပြီ "

ထွဋ်ထွဋ်ဘေးနားကို ချက်ချင်းပြောင်းလာရင်း နဖူးလေးစမ်းလိုက် ၊ ခေါင်းလေးပွတ်ပေးလိုက်လုပ်ရင်း ပြောတော့ ငလည်လေးက ပါးပါးရင်ခွင်ထဲ ခေါင်းတိုးပြီး ချွဲစိန်လုပ်နေတော့သည် ။

ပါးပါးက သူ့ဘေးကနေ ထွက်သွားပြီး ထွဋ်ထွဋ်ဘေးနားသွားလိုက်တာကြောင့် Daddy မျက်နှာက သုန်မှုန်လို့ ။

ခေတ်ကတော့ ရယ်ရမလို ငိုရမလိုပင် ။
သို့ပေမယ့် ခေတ်ပျော်ပါသည် ။ ပါးပါးက ခေတ်တို့အပေါ်ကို မိခင်မေတ္တာရော ၊ ဖခင်မေတ္တာပါ ပေးနိုင်အောင်လို့ အများကြီးကြိုးစားသည် ။
Daddy ကလဲ ပါးပါးအပေါ်ကို အချစ်မပြတ်သလို ၊ ခေတ်တို့အပေါ်လဲ တာ၀န်ရော ၊ မေတ္တာရော မပြတ် ။

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now