Episode - 4

27K 1.6K 40
                                    

"ဒေါက်..ဒေါက်..ဒေါက်.."

"၀င်လာခဲ့!"

"Boss..ဒါ boss စုံစမ်းခိုင်းထားတဲ့ အချက်အလက်တွေပါ သူ့နာမည်က လွန်းခေတ်လျှံ ပါ အသက်က28 ရှိပါပြီ boss သူ့မှာ သားတစ်ယောက်ရှိပါတယ် ကုမ္ပဏီမှာ အလုပ်၀င်တာ ၃နှစ်လောက်ရှိပါပြီ မိဘတွေတော့မရှိကြတော့ပါဘူး သူ့မှာ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်တော့ရှိပါတယ် သူ့နာမည်က သွန်းခပြည့်စုံပါ သူက ဆရာ၀န်တစ်ယောက်ပါ လွန်းခေတ်လျှံက gay အဖြစ် come out လုပ်ထားတဲ့လူပါ ပြီးတော့ ထူးဆန်းတာ တခုရှိသေးတယ် boss "

"ဆက်ပြောလေ မင်းကြီးတော်ကြီးမို့ ရပ်ပြစ်လိုက်တာလား "

ထွဋ်တစ်ယောက် ဇွဲမာန်ပြောတာ နားထောင်နေရင်း ရပ်ပြစ်လိုက်တာကြောင့် စိတ်ချဥ်ချဥ်နဲ့ ဟောက်ပြစ်လိုက်လေသည်။

ငင့်...Boss ဆိုတဲ့အမျိုးကလည်း သူများတွေရှေ့မှာသာ တည်တည်တံ့တံ့ကြီးနဲ့ သူရှေ့ကျရင် မိုးမွန်အောင်ဆဲတဲ့ အမျိုး...သူနဲ့ကျ သူငယ်ချင်းမလို့ free style မျိုးနေတဲ့သဘောလဲ ဖြစ်မှာပေါ့...

"ဟုတ်...ဟိုလေ boss သူ့ရဲ့သားဆိုတာက သူကိုယ်တိုင်မွေးထားတဲ့လို့ ကြားပါတယ် boss."

"ဘယ်လို သူကိုယ်တိုင်မွေးတယ် ဟုတ်လား"

ထွဋ် အံ့သြတကြီးဆိုမိသည်။ ယောက်ျားလေးတစ်ယောက်က ကလေးမွေးတယ်ဆိုတော့...

"ဒါဆို ကလေးရဲ့ အဖေကရော "

"အဲ့တာတော့ ဘယ်သူမှ တိတိကျကျမသိရပါဘူး boss."

"သြော်...ဒါနဲ့ နာမည်က ဘယ်သူ လွန်း..ဘာ"

"လွန်းခေတ်လျှံပါ boss.."

"လွန်းခေတ်လျှံ လွန်းခေတ်လျှံ ..."

ကျစ်။ ငါဒီနာမည်ကို ရင်းရင်းနှီးနှီးကြားဖူးနေတယ်ကွာ။ ဘယ်နေရာမှာကြားဖူးတာပါလဲကွာ။

ဘာဖြစ်သွားတာလဲဟ။ ပြောနေရင်း အကောင်းကြီးကို။

"Boss..Boss..Boss! "

"ဟာ ဘာလဲကွာ ပြော..ပြော "

ဟင်...ငါဘာလုပ်လို့ ခွအော်နေတာလဲဟ။ ငါခေါ်နေတာကျ သူမကြားပဲနဲ့။ ဇွဲမာန် တင်းပြီလေ။အပြင်မှာတော့ ထုတ်မပြောရဲဘူးလေ ထုတ်ပြောရင် အလုပ်ပြုတ်ရင်ပြုတ် မပြုတ်ရင် ခေါင်းပြုတ်ပဲ။

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now