Episode - 8 ❕

29.2K 1.4K 47
                                    

Warning⚠️

ဟင်!

လွန်း မှန်ထဲကနေ မြင်လိုက်ရတဲ့သူကြောင့် တုန်လှုပ်သွားသည်။ ဦးစစ်နောင် ထိုလူဘာကြောင့် လွန်းနောက်လိုက်လာရတာလဲ။ လွန်းငေးနေမိစဥ် ထိုလူက လွန်းဆီလျှောက်လာတာမလို့ လွန်းထွက်သွားဖို့ ကြိုးစားလိုက်သည်။ ထိုလူက သူ့ထက်မြန်အောင်လျှောက်သွားပြီး သန့်စင်ခန်း တံခါးကို lock ချလိုက်တာမို့ လွန်းသူ့ကို စူးစိုက်ကြည့်မိလိုက်သည်။

"ခေတ်လေးက ဘာတွေလောနေတာလဲကွာ..မတွေ့တာကြာတော့ အချိုးတွေပြောင်းနေတာပဲ..ထွဋ်ထိပ်ခေါင်မင်းကြောင့် မင်းကိုယ်မင်း မာန်တတ်နေတာလား ခေတ်လေး.."

"ဒီမှာ ဦးစစ်နောင် ကျွန်တော့်နာမည်က လွန်းခေတ်လျှံပါ ခေတ်လေးမဟုတ်ပါဘူး ဦးစစ်နောင် လူမှားနေတယ် ထင်ပါတယ် ပြီးတော့ ထွဋ်ကြောင့် ကျွန်တော့်မှာ မာန်တတ်စရာအကြောင်းမရှိလို့ ခွင့်ပြုပါဦး.."

လွန်းထွက်သွားဖို့ ပြင်လိုက်စဥ် လွန်းကို နံရံဘက် တွန်းကပ်ပြီး နှုတ်ခမ်းတွေကို အတင်းအကျပ်နမ်းရှိုက်လာသည်။ အနမ်းတွေကနေ လွတ်မြောက်ရန်ကြိုးစားသော်ညား လွန်းသူ့အား မတွန်းလှန်နိုင်ပေ။ ရုတ်တရက် အောက်နှုတ်ခမ်းကို ကိုက်လိုက်တာကြောင့် အာ့ခနဲအော်ပြီး နှုတ်ခမ်းနှစ်လွှာဟသွားတော့ နှုတ်ခမ်းတွေကြားထဲ သူ့လျှာကို အတင်းတိုး၀င်လာပြီး ဆေးပြားတစ်ခုအား အတင်းမျိုချရန် စေခိုင်းနေပြန်သည်။

သန့်စင်ခန်းအတွင်း၌ နှုတ်ခမ်းချင်းပြင်းထန်စွာ စုပ်ယူနေသော အသံများဖြင့်ဆူညံလျက်။ ထိုဆေးပြားလေး အရည်ပျော်သွားမှ လွန်းအား လွှတ်ပေးလာသည်။ လွန်းလွတ်မြောက်သည်နှင့် တပြိုင်နက် ထိုလူ့ပါးစောင်အား အားပြင်းပြင်းနဲ့ထိုးချလိုက်သည်။

"ခွပ်!..လူယုတ်မာ.."

"တောက်စ်..မင်းကများငါ့ကိုထိုးတယ်ပေါ့...မင်းကိုယ်တိုင် ငါ့ကိုတောင့်တလာစေရတယ် ခေတ်လေး ...ထွဋ်ထိပ်ခေါင်မင်းဆီကနေ ခံရတာအားရပြီဆိုရင်လဲ ငါ့အတွက် တစ်ရက်လောက် လာခံပေးဦး စျေးကောင်းပေးမှာပါ..အဟက်.."

"ဦးစစ်နောင် ခင်ဗျား..ခင်ဗျား.."

လွန်း ဒေါသထွက်လွန်း၍ အသားတွေပင် တဆက်ဆက်တုန်လာသည်။ ထိုလူအား တွန်းတိုက်ပြီး သန့်စင်ခန်းအတွင်းမှ ထွက်လာခဲ့သည်။

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now