Episode - 20

18.7K 943 12
                                    

At Sitt Group...

" Ceo "

" အင်း ပြော "

" ဟိုတစ်ခါ condo project က Htut Group က ရသွားပါတယ် "

" ဘာ တောက်စ်!! မင်းတို့ကောင်တွေ ဒါလေးတောင် အသုံးမကျဘူးလား ဟမ်!! စောက်သုံးမကျတဲ့ဟာတွေ "

" တောင်းပန်ပါတယ် Ceo "

" တောင်းပန်တာ ငါမလိုချင်ဘူး မရရတဲ့နည်းနဲ့ အဲ့ဒီ project ကို ငါပြန်လိုချင်တယ် "

" ဟုတ်ကဲ့ပါ Ceo "

ဦးစစ်နောင်အနေနဲ့ ထို project ကို တအားမျှော်လင့်ထားခဲ့ရသည်။ Project သာအောင်မြင်သွားခဲ့ရင် ရမယ့် အကျိုးအမြတ်က နည်းနည်းနောနောမှ မဟုတ်ဘဲ။

လေလံပွဲနေ့က Mr.Devil နဲ့ သွားတွေ့လိုက်ရတာကြောင့် သစ်မင်းကိုသာ လွှတ်လိုက်ရခြင်းဖြစ်သည်။ အခုတော့ သောက်သုံးမကျတဲ့အကောင်က Project ကို ရအောင်ယူလာနိုင်ခြင်းမရှိတော့ချေ။

ဦးစစ်နောင် ခင်ဗျား အခုလိုကမ္ဘာပျက်နေတဲ့ပုံစံကိုကြည့်ရတာ သိပ်အားရတယ်။ အဟက်! ကံကြမ္မာတစ်ပတ်လည်လာပြီ။ ကိုယ့်အလှည့်ကျ မနွဲ့စတမ်း​ပေါ့ဗျာ။

သူကမ္ဘာပျက်နေတဲ့ပုံကိုကြည့်ရင်း ပြုံးပျော်နေသူတစ်ဦးကိုတော့ ဦးစစ်နောင်မသိလိုက်ခဲ့ချေ။

°°°°°°°°°°°°°°°
°°°°°°°°°°°°°°°

Ren ဒီနေ့တစ်နေကုန် အပြင်ထွက်ခွင့်မရလိုက်။ လွန်ခဲ့တဲ့တစ်ပတ်က ဟိုလူဆိုးကောင်ရဲ့ တောင်းဆိုချက်ကြောင့် သူနှင့်အတူ Dinner party တက်ပေးရမည်ဆိုတာကြောင့် တစ်နေကုန် party နဲ့လိုက်ဖက်မယ့် ၀တ်စုံကိုရွေးနေရသည်။

လွန်ခဲ့တဲ့ သုံးရက်က ခေါင်းဆောင်ခိုင်းတာကြောင့် ဦးစစ်နောင်နဲ့ သွားတွေ့လိုက်ရသေးသည်။
Gun နဲ့ အမှုန့်ကို လက်၀ယ်ထားချင်တယ်ဆိုတာကြောင့် ဖန်တီးပေးခဲ့ရသည်။ ဒါဟာလဲ ခေါင်းဆောင်ရဲ့ စေခိုင်းမှု။

ည 6 နာရီခန့်မှာ Justin က ကားအကြိုလွှတ်လိုက်ပြီဆိုတာကြောင့် တစ်နေကုန်လုံးကို စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ Suit မိုးပြာရောင်လေးသာ ၀တ်ခဲ့လိုက်သည်။

အကြိုလွှတ်လိုက်တဲ့ ကားနဲ့ လိုက်သွားရာ သင်္ဘောဆိပ်ကမ်းတစ်ခုဖြစ်နေသည်။
Ren ကြောင်အအနဲ့ ဘေးပတ်ပတ်လည်ကို လိုက်ကြည့်မိတော့ မီးသီးတွေနဲ့ အလှဆင်ထားတဲ့ လျှောက်လှမ်းလေးတစ်ခုကို တွေ့လိုက်ရသည်။

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now