Extra - 1

15K 671 10
                                    

.
.
.
.
.

" ခေတ်လေး ရေ !! နိုးပြီလား သား "

" အင်း~ ဟုတ် သားနိုးပါပြီ ပါးပါး "

"  ဟုတ်ပြီ  ဟုတ်ပြီ !! ဒါဆို သားငယ်လေးကို နိုးပြီး ဆင်းလာခဲ့နော် "

" ဟုတ်ကဲ့ ပါးပါး !! "

ခေတ် ပါးပါးဆင်းသွားသည်နှင့် ထကာ ရေမိုးချိုးလိုက်၏ ။
အခုဆို ခေတ်က 18 နှစ်ရှိပြီး ပထမနှစ်ပင် ရှိနေပြီ ။
ထွဋ်ထွဋ်ကတော့ 12 နှစ်ရှိနေပြီဖြစ်သည် ။

ထွဋ်ထွဋ်ကလဲ ခေတ်ကို တွယ်တာသလို ခေတ်ကလဲ ထွဋ်ထွဋ်ကို သိပ်အလိုလိုက်သည် ။
အသက်ကသာ 12 နှစ်ဖြစ်တာ အရပ်ကဆို နောက်သုံးလေးနှစ်ဆိုရင်ပဲ ခေတ်ကို ကျော်တက်သွားတော့မှာ ။

Daddy ရဲ့ အမွေတွေ အကုန်အပိုင်းစီးထားတဲ့ အဲ့ကောင်လေးက လူကောင်ကလဲ တအားထွားလွယ်၏ ။

ရေချိုးသန့်စင်ပြီးတာနဲ့ ထွဋ်ထွဋ်အခန်းကို သွားရသည် ။

" ထွဋ်ထွဋ်ရေ !! နိုးပြီလား "

" ကိုကိုရာ ~ သားအိပ်ဦးမယ် "

" ထွဋ်ထွဋ် မထဘူးလား !! ကိုကိုစိတ်ဆိုးတော့မယ်နော် !! "

" ဟာ!! ထပြီကိုကိုရာ ~ အမြဲတမ်း အဲ့တာနဲ့ပဲ အနိုင်ကျင့်နေတယ် ဟွန့် !! "

ခေတ်ခိုးရီလိုက်ကာ

" ဟေ့ဟေ့ !! အထဲကနေ တိုးတိုး တိုးတိုး ပြောမနေနဲ့ "

" မပြောပါဘူး "

" ကဲပါ !! ကိုကို နေ့လည်ကျရင် ကျောင်းလာကြိုပြီး sushi လိုက်ကျွေးမယ်လေ !  "

" ကိုကို တကယ်ပြောတာနော် "

" တကယ်ပါဗျာ "

အခန်းအတွင်းနဲ့ အပြင်ကနေ အော်ဟစ်နေကြတဲ့ သားနှစ်ယောက်ကိုကြည့်ကာ ထွဋ်ပါ ပြုံးနေမိတော့၏ ။

" မောင် ဘာလုပ်နေတာလဲ အောက်ဆင်းမယ်လေ "

" သားတို့ကိုကြည့်ပြီး သဘောကျလို့ပါကွာ "

" သြော်ကဲ ! မောင်ရယ် ဘယ်နှနှစ်တောင်ရှိနေပြီတုန်း အခုထိ ဒါကိုပဲ ပြောနေတော့တယ် "

" အချစ်ရယ် မောင့်သားတွေက အချစ်နဲ့တူတော့  မောင်ကချစ်တာပေါ့ကွ ! "

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now