Episode - 24

16.5K 911 36
                                    

လွန်ခဲ့သော တစ်ပတ်ခန့်က ဂိုထောင်ဟောင်းတစ်ခုတွင်ဖြစ်သည်။

" သစ်မင်း!! ငါ့ကိုလွှတ်ပေးပါကွာ! ငါတောင်းပန်ပါတယ် "

" အဟက်!! ခင်ဗျားတောင်းပန်ရမယ့်လူက ဒီမှာမဟုတ်ဘူး! ခင်ဗျားကိုယ်တိုင် သူ့ကိုကိုယ်တိုင်ကိုယ်ကျ သွားတောင်းပန်ရမှာ "

" ကောင်း..ကောင်းပါပြီ ငါသွားတောင်းပန်ပေးပါ့မယ်။ ငါတောင်းပန်ရမယ့်သူက အခုဘယ်မှာလဲ "

" တမလွန်မှာ!!! "

" ဘာ!! "

" မမှတ်မိတော့ဘူးလား ဦးစစ်နောင်ရဲ့ ! လွန်ခဲ့တဲ့ 5 နှစ်က ခင်ဗျားဖျက်ဆီးလိုက်လို့ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတဲ့ တက္ကသိုလ်ကျောင်းသားလေး
စိုင်းခွန်းငယ်!! "

" ဘယ်လို!! ခွန်း..ခွန်းငယ်...သူ..သူသေသွားပြီဟုတ်လား "

ဦးစစ်နောင် သိပ်ကိုသွေးပျက်သွားခဲ့သည်။
သူ ခွန်းလေးကို သိပ်ချစ်ခဲ့တယ်။ ဒါပေမယ့် ခွန်းလေးက သူ့ကိုမရွေးချယ်ဘဲ သူ့ချစ်သူဆိုတဲ့အကောင်ကို ရွေးသွားခဲ့တာ။

ဒါကြောင့် သူခွန်းလေးကို အရယူခဲ့တာ။ သူထင်ခဲ့တာဟာ ဒါဆိုရင် ခွန်းလေးက သူ့ကိုရွေးလိမ့်မယ်လို့။ ဒါ..ဒါပေမယ့် ခွန်းလေးက...ခွန်းလေးက...။

" အဟက်!! ချစ်ရတဲ့သူကို ကိုယ့်လက်ထဲမှာတင် ဆုံးရှုံးခဲ့ရတဲ့ နာကျင်မှုက သိပ်ပြီးတော့ အဆင်မပြေဘူး ဦးစစ်နောင်ရဲ့ ! "

" မဟုတ်! မဟုတ်ဘူး ငါ..ငါမသိခဲ့ဘူး "

" ချစ်တဲ့သူနဲ့လက်ထပ်ဖို့အတွက် သိပ်ပျော်နေတဲ့ ငယ်လေးက ခင်ဗျားရဲ့ တဏှာအတွက်နဲ့ အသက်ပေးခဲ့ရတယ် "

" ဒါ..ဒါဆို မင်း..မင်းက..ခွန်းလေး..ခွန်းလေးရဲ့.."

" ဟုတ်တယ်! ခင်ဗျားဖျက်ဆီးခဲ့တဲ့ စိုင်းခွန်းငယ်ရဲ့ချစ်သူက ကျုပ်ပဲ!! အခုတော့ ခင်ဗျားကိုယ်တိုင်သူ့ကို ပြန်တောင်းပန်ဖို့အချိန်တန်ပြီ.."

" မဟုတ်..."

ဒိုင်း!!

ဦးစစ်နောင်ရဲ့ စကားမဆုံးခင် သေနတ်ကျည် သူ့ဦးခေါင်းထက်ကို ဖောက်၀င်ကာ အနောက်ဘက်ကို သွေးတွေပန်းဖြာသွားခဲ့ပြီ။

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now