Extra - 2

11.5K 611 8
                                    

.
.
.
.
.

ထွဋ်မဟာမင်း တစ်ယောက် ဒီနေ့ ကိုကိုလာကြိုမယ်ဆိုတာကြောင့် ပျော်ပြီး ကျောင်းတံခါးသို့ ထွက်လာစဥ် အမြဲလိုလို ရန်လာစတတ်သည့် ' သရမြတ်ခေါင် ' ၏ ဒီနေ့ရန်စမှုကိုပင် မကြားချင်ယောင်ဆောင်နေလိုက်သည် ။

ထိုအခါ ဟိုခွေးကောင်က ကိုကိုနဲ့ ပတ်သက်ပြီး လာပြောတာကြောင့် ထွဋ်ထွဋ်သည်းမခံနိုင်စွာ ထိုကောင်ကိုလှမ်းထိုးပြစ်လိုက်သည် ။

ငယ်စဥ်ထဲက ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး အထူးအလေးထားတတ်သည့် ထွဋ်ထွဋ်ကို ထိုကောင်က မနိုင်ပေမယ့် အများနှင့်တစ်ယောက်ဖြစ်တာကြောင့် အနည်းနှင့်အများတော့ ခံနေရသည် ။

ဟိုကောင်တွေကို တွန်းထုတ်ရင်း သရမြတ်ခေါင်ါပေါ် တက်ခွကာ ' မင်းက ငါ့ကိုကို ကို ပြောဖို့ဘာအခွင့်အရေးရှိလို့လဲ ' ဟု ထပ်တလဲလဲ ရေရွတ်ရင်း ထိုးကြိတ်ပြစ်နေသည် ။

ခေတ်ဒီနေ့ ကားလမ်းပိတ်တာနှင့် ထွဋ်ထွဋ် ကျောင်းရောက်တော့ လူပင် သိပ်မရှိတော့ ။

ထွဋ်ထွဋ်ကလဲ မထွက်လာသေးတာကြောင့် ကျောင်း၀န်းထဲ ၀င်လိုက်စဥ် မြင်လိုက်ရသည်က ထွဋ်ထွဋ်က တခြားကျောင်းသားလေးအပေါ်ကနေ တက်ခွကာ ထိုးကြိတ်နေခြင်း ။

" ထွဋ်ထွဋ် .. ရပ်စမ်း !! ထွဋ်မဟာမင်း !! "

ထွဋ် ဟိုခွေးကောင်ကို ချနေတုန်း ကိုကို့အသံကြောင့် လန့်သွားရသည် ။

ကိုကို သူ့ကိုလာကြိုမယ်ဆိုတာ သူမေ့သွားသည် ။

ထိုစဥ် ကျောင်းအုပ်ကလဲ ဘယ်ကနေ ဘယ်လိုရောက်လာမှန်း မသိ ။

ထို့ကြောင့် အကုန်လုံး ရုံးခန်းသို့ ရောက်သွားရသည် ။

​ကျောင်းရုံးခန်း၌ ..

ဒုန်း *

" မင်းတို့ ဒါဘယ်လိုဖြစ်တာလဲ ဟမ် !! လူလေးတွေက လက်တောင့်လောက်လေးတွေရှိသေးတယ် ထိုးကြ ကြိတ်ကြနဲ့ !! ဒါလား နောင်တစ်ချိန်ကျရင် ဖြစ်လာမယ့် လူတော်လူကောင်း .. !! "

ဆရာကြီးစကားမဆုံးခင် ရုံးခန်းတံခါးကို တွန်းကာ ၀င်လာတဲ့ အရွယ်တင်ပုံရသည့် အမျိုးသမီးကြီးတစ်ဦးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အပြင် အနောက်မှာလဲ နောက်ထပ် ခပ်လတ်လတ်အရွယ် စုံတွဲ သုံးလေးတွဲပါ ကပ်လျက်ပါလာသည် ။

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now