Episode - 2

31.5K 1.8K 5
                                    

At Yangon international airport....

လွန်းတစ်ယောက် မဟာလေးနဲ့ အတူ လေဆိပ်ကို ရောက်နေခြင်းဖြစ်သည်။ သူရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ သွန်းခပြည့်စုံ Japan မှပြန်လာမည် ဖြစ်သဖြင့် လာကြိုနေခြင်းပင်။ လေယာဥ်ဆိုက်ဖို့ အချိန်လိုနေသေးသောကြောင့် သန့်စင်ခန်း၀င်ရန် ထွက်လာလေသည်။ ထိုအချိန်တွင်

"သားရေ... မဟာရေ...သား ... ဘယ်မှာလဲ .. သားရေ.."

မဟာလေးနဲ့ လက်ချင်းတွဲထားရာမှ လက်မှလွှတ်ကာ လူချင်းကွဲသွားလေသည်။

"ပါးပါးရေ...ပါးပါး... အီးဟီး...ပါးပါး.. သားကိုလာခေါ်ပါ သားကြောက်တယ် ပါးပါး....ဦးဦး.. ပါးပါးကိုရှာပေးပါ.. သားကြောက်တယ် ဦးဦး.."

ထွဋ်တစ်ယောက် လေယာဥ်ပေါ်က ဆင်းလာပြီး လာကြိုမည့်ကားအား စောင့်နေစဥ် ကလေးတစ်ယောက် မိမိအနားရောက်လာကာ ပါးပါးကိုရှာပေးဟူ၍ ဆိုလာသည်။

"မငိုနဲ့...မငိုရဘူး... ကဲ ဦးဦးကိုပြောပြနော် ..သားကကဘယ်ကလဲ သားနာမည်ကရော ဘယ်လိုခေါ်လဲ..."

"ဟင့်..ရွှတ်..သားနာမည်က ခေတ်လွန်းမဟာပါဗျ..ပါးပါးနဲ့ ဦးဦးသွန်းကို လာကြိုတာပါ.ဟင့်..ပါးပါးနဲ့ဟိုဘက်ခဏလေး သွားတာကို..ရွှတ်..လူကြီးတွေက သားသားကို တွန်းပြစ်တာ.. ရွှတ်..ပါးပါး ဘယ်ရောက်သွားလဲ မသိဘူး..ဟင့်..ဟင့်.. ပါးပါးသားသားကို ရှာနေတော့မှာ..ပါးပါးဆီလိုက်ပို့ပေးပါ ဦးဦး..နော်..သားသားကို ပါးပါးဆီ လိုက်ပို့ပေးပါ...ရွှတ်..ရွှတ်.."

သြော်...လေယာဥ်စိုက်တော့ သူ့အဖေနဲ့ လူချင်းကွဲသွားတယ်ထင်ပါတယ်.. ကလေးကို သေချာကြည့်မိတော့ ချစ်စရာလေးပဲ... ပါးဖောင်းဖောင်းလေးနဲ့ မျက်လုံးကလဲ ၀ိုင်း၀ိုင်းလေးရယ်..
ဘယ်ကလေးမှ မချစ်တဲ့ ထွဋ်လိုလူတောင် ဒီကလေးကို သံယောဇဥ်တွယ်နေမိတယ်...

"အင်းပါ..ဟုတ်ပါပြီ..ဦးကို သားပါးပါးနာမည်ပြောပြနော်...ဦးဦး သားပါးပါးကို ရှာပေးမယ်..ဟုတ်ပြီလား.."

"ဟုတ်ကဲ့ဗျ..ပါးပါးနာမည်က ဦးလွန်းခေတ်လျှံပါဗျ..."

"ကဲ..လာ... သားပါးပါးကို သွားရှာရအောင်နော်.."

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now