Episode - 3

28.7K 1.7K 18
                                    

"ဒေါက်...ဒေါက်...ဒေါက်.."

"Boss ဒီနေ့ ကုမ္ပဏီတက်မယ်မလားဗျ.. "

"အင်း ငါဆင်းခဲ့မယ်စောင့်နေ.."

"ဟုတ်ကဲ့ boss...ကောင်းသောနေ့လေးပါဗျ"

"ဟုတ်ပြီ.."

ထွဋ် မြန်မာနိုင်ငံ ပြန်ရောက်တာ တစ်ပတ်ကျော်ခဲ့ပြီး..ယနေ့မှ ကုမ္ပဏီသို့သွားမည်။ တစ်ပတ်အတွင်း သူ့ရဲ့ရန်သူတော် ဦးစစ်နောင်ကို ဖြုတ်ချဖို့အတွက် လိုအပ်သည်များကိုလဲ ပြင်ဆင်ပြီးနေပြီ။ တစ်ခါတစ်ခါ လေဆိပ်မှာတွေ့ခဲ့တဲ့ ခေတ်လွန်းမဟာဆိုတဲ့ ကလေးကိုလဲ သတိရမိသေးသည်။ ကလေးလေး အကြောင်း စုံစမ်းလိုက်လျှင်ရသော်လည်း သူ့စိတ်ထဲ တမျိုးတမည်ဖြစ်နေ၍ မစုံစမ်းလိုက်ရ။

ထွဋ် ရေချိုးအ၀တ်စားလဲလိုက်သည်။ Necktie ကို တချက်ပြင်ရင်း အပေါ်ထပ်မှ ဆင်းလာလေသည်။ ထွဋ်က အသားညိုသည်။ တအားညိုတာမျိုးမဟုတ်ဘဲ ညိုဖန့်ဖန့်လေးနဲ့ ကြည်သည်။ လေးထောင့်ဆန်ဆန် မျက်နှာမျိုးကိုမှ ထူထဲနေသော မျက်ခုံးအစုံက အမြဲတစေ တွန့်ချိုးထားသောကြောင့် သူ့ရဲ့ သေသပ်ပြီး ယောက်ျားပီသမှုကို ပေါ်လွင်စေသည်။ အရပ်မောင်းက 6'3" လောက်နှင့် အထူးသဖြင့် သူ့ရဲ့ မျက်၀န်းများ၏ မျက်စံက မဲနက်မနေဘဲ အညိုရောင် မျက်၀န်းများက သူ၏ ဆွဲဆောင်မှု တစ်ရပ်။

အသက်ငယ်ငယ်နဲ့ CEO ဖြစ်နေသည့်အလျောက် တိကျတယ် ပြတ်သားတယ် သူ့ရဲ့ရာဇ၀င်မှာ ခွင့်လွှတ်ရိုးမရှိ အချစ်မရှိ.. ရည်းစားဆိုတာမရှိ.. Sex အတွက် သီးသန့်ပဲ..Sex တောင်မှ သာမန်အမျိုးသမီးများ အသုံးမပြုဘူး.. သူနဲ့ Sex ဖြစ်ချိန်မှာ သူ့နှုတ်ခမ်းကို နမ်းခွင့်မရှိဘူး...ဘာလို့လဲဆို အဖြေက ရှင်းသည်..ရွံလို့တဲ့ ..သူ့နှုတ်ခမ်းနဲ့ ထိုက်တန်မည့်သူ မရှိဘူးတဲ့..။

ထွဋ် ထမင်းစားခန်းထဲ ၀င်လာတော့ ဇွဲမာန်က အသင့်ရှိနေသည်။

"Boss.. ဒါဦးစစ်နောင်ရဲ့ အတွင်းရေးအတိအကျပါ.."

ဇွဲမာန် ကမ်းပေးသော File ကိုယူကြည့်ရာ စိတ်၀င်စားစရာကောင်းသောအချက်က ဦးစစ်နောင်က gay တစ်ယောက် ဖြစ်နေခြင်း..သို့သော် မိန်းမရှိသည်..။

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now