1

39.9K 1.9K 71
                                    

Unicode

"ဗျာ ကျဲဆုံးပြီ ဟုတ်လား ၊ ဘယ်လိုဖြစ်ရတာလဲဗျာ "

တဖက်မှစကားသံကို အာရုံစိုက်နားထောင်နေရင်း ဖုန်းကိုင်ထားတဲ့ ဖြူနုနုလက်ကလေးက အနည်းငယ်တုန်ရီနေခဲ့တယ်။

"ကောင်းပါပြီ။ ကျွန်တော် အမြန်‌ဆုံးလာခဲ့ပါ့မယ် "

ဖုန်းချပြီးတော့ လူကအရုပ်ကြိုးပြတ်ပါပဲ၊ မြေပြင်မှာ ထိုင်ချလိုက်မိတယ်။

"ကျဲကျဲ ...ကျဲရယ်ဗျာ ..."

အားရအောင်ငိုပြီးနောက် သူစိတ်တည်ငြိမ်ဖို့ကြိုးစားတယ်။ စိတ်လှုပ်ရှားလွန်းရင် အမှားတွေလုပ်မိတတ်တယ်မဟုတ်လား။

ရှောင်းရန်လီ ...

ရှောင်းကျန့်ရဲ့အိမ်ရာဝင်ချိန်တွေကို ပုံပြင်တွေနဲ့အိပ်စက်စေသူ။ အမေလို ၊ အမလို သူ့ကိုမေတ္တာတွေပေးခဲ့ ချစ်ခဲ့တဲ့ ရှောင်းကျန့်ရဲ့တစ်ဦးတည်းသောအမ။ မိဘတွေမရှိတော့ပေမဲ့ သူမကဘယ်တော့မှအားမငယ်ခဲ့ဘူး။ ရှောင်းကျန့်ကိုလဲ ဘယ်တော့မှ မျက်နှာမငယ်စေခဲ့ဘူး။ ငါ့မောင်လေးကို ငါရှာဖွေကျွေးနိုင်တယ်။ ငါက ဒီနေ့ကစပြီး အားကျန့်ရဲ့ အမေပါဖြစ်ပေးမယ်တဲ့။ ရှောင်းကျန့် အသက်၁၆နှစ်မှာ omega တယောက်ဖြစ်မှန်းသိလိုက်ရတော့ သူကိုယ့်ကိုကိုယ်သတ်သေဖို့အထိတောင်ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ ကျဲကျဲက ရှောင်းကျန့်အနားမှာ အမြဲအားပေးခဲ့တာ၊ အားတက်စေခဲ့တာ။

"ကျဲ ...ကျွန်တော် omega မဖြစ်ချင်ဘူး ၊ ယောက်ကျားတွေတပ်မက်တာ ခံရတဲ့ ယောက်ကျားတွေအတွက်ကလေးမွေးပေးရမဲ့ လူမဖြစ်ချင်ဘူး။ ဒီလိုဘဝမျိုးကို ကျွန်တော်မုန်းတယ်။ ဘာလို့လဲ ။ ဘာလို့ alpha မဖြစ်ရတာလဲ ...အီးးးဟီးးး "

"ဘာဖြစ်လဲ ငါ့မောင်ရယ် omega ဖြစ်တော့ရော ဘာဝမ်းနည်းစရာရှိလဲ။ ထိန်းချုပ်ဆေးတွေရှိတယ်။ သောက်ဆေးထိုးဆေး အားလုံးရှိတယ်။ မင်းကသန်မာတဲ့ကောင်လေးပဲ။ ကျဲကျဲ မင်းကိုယုံတယ် ။ မင်းက ဘယ်သူ့အတွက်မှမဟုတ်ဘူး။ မင်းတယောက်ထဲရပ်တည်နိုင်တယ်။ မင်းကသန်မာတယ်။ တချို့ alpha တွေထက်တောင် မင်းကအရပ်ပိုရှည်သေးတယ်။ မငိုနဲ့ ...နော် ဝမ်းမနည်းနဲ့ ..."

My Ugly Omega Mate (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ