10

20K 1.7K 102
                                    

Unicode

အနက်နဲ့ မီးခိုးရောင်အပြင်အဆင်များဖြင့် ညို့မှိုင်းနေတဲ့ ဝမ်ရိပေါ်ရဲ့ အိပ်ရာထက်မှာ အလင်းတန်းလေးတစ်ခုဖြာကျနေသလို ...ရှောင်းကျန့်ရဲ့ ဖြူနုနုကိုယ်လေးက လဲလျောင်းနေတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ကိုသူ့ရဲ့ကိုယ်ပိုင်အခန်းကို ခေါ်လာတာပဲဖြစ်တယ်။ ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေက အရောင်ပြန်မပြောင်းသေးဘူး။ သူက စိတ်လွတ်နေတုန်းပဲ။ ရှောင်းကျန့် အမြန်ဆုံးပြန်သတိရလာအောင် ဆရာဝန်ခေါ်ချင်ပေမဲ့ ဒီဆရာဝန်ကပါ သူ့အပိုင်ကိုပြစ်မှားနေရင် ဘယ်လိုလုပ်မလဲ။

အမူအယာနဲ့မဟုတ်တောင် စိတ်ထဲက တိတ်တိတ်ပြစ်မှားခဲ့ရင်ရော ...သူ့လက်နဲ့ အားလုံးကိုသတ်မှာ ....

လည်တိုင်သွယ်သွယ်လေးအနား နှာခေါင်းအပ်လို့ ရှောင်းကျန့်ရဲ့ ရနံ့တွေကိုအငမ်းမရရှူရှိုက်နေလိုက်တယ်။ ပါးပြင်လေးတွေကိုပါ လျှာနဲ့လိုက်သပ်နေပြီး ၊ သူ့ရဲ့အနံ့တွေလွှမ်းခြုံစေတယ်။ နှာခေါင်းထိပ်လေးကို ခပ်ဖွဖွနမ်းရှိုက်ရင်း တကိုယ်လုံးကို ကိုယ်ချင်းထိတွေ့လို့ ပွတ်သပ်နေတယ်။

သူ့ရဲ့ mate ...သူပိုင်ဆိုင်တဲ့လူသား ..ဒီလူရဲ့အရာအားလုံး သူတယောက်သာပိုင်တယ်။ ဘယ်သူမှ့ စိတ်ကူးနဲ့တောင်ပြစ်မှားခွင့်မရှိဘူး။ ဝမ်ရိပေါ်က ရှောင်းကျန့် ရဲ့ အေးစက်နေတဲ့ကိုယ်လေးကိုပွေ့ဖက်လို့ သူ့စီက အနွေးဓာတ်တွေခံယူစေတယ်။ မှိန်ပျပျမီးရောင်အောက်မှာ ပူးကပ်ပွတ်သပ်နေရင်း တဖြည်းဖြည်းသူပါ အိပ်မောကျသွားတယ်။

တဖက်မှာတော့ ဝမ်တအိမ်လုံး ဝမ်ရိပေါ်ရှာခဲ့တဲ့ပြသနာ ဖြေရှင်းနေကြရပြီဖြစ်တယ်။ A နိုင်ငံမှာ တရားဝင်လူသတ်ခွင့်မပေးထားပေမဲ့ တချို့တချို့သော အခြေအနေတွေမှာ မတော်တဆသတ်ဖြတ်မိတာမျိုးကိုခွင့်ပြုပေးထားတယ်။ ဒါက mate လုတဲ့ ပြသနာဖြစ်တဲ့အတွက် ဘယ်သူကမှ ဒါကိုအကျယ်ချဲ့တာမျိုးတော့မရှိခဲ့ဘူး။ သေဆုံးသွားတဲ့သူရဲ့မိသားစုကို ငွေအများအပြားပေးလို့ ဖြေရှင်းလိုက်ရတယ်။ သတင်းမီဒီယာသမားတွေကိုလဲ ရှောင်းကျန့်ရဲ့ပုံကို လုံးဝမဖြန့်ဖို့ ၊ မတင်ဖို့ ၊ ရိုက်ထားတာအားလုံးဖျက်ချပေးဖို့ ညှိနှိုင်းရတယ်။ သူ့ mate ရဲ့အဝတ်ကင်းမဲ့နေတဲ့ပုံ လိုင်းပေါ်ရောက်လို့ကတော့ ဝမ်ရိပေါ်ရဲ့ဒေါသကိုဘယ်သူမှတောင် ထိန်းချုပ်လို့ရမှာမဟုတ်တော့ဘူး။

My Ugly Omega Mate (Completed)Where stories live. Discover now