8

15K 1.5K 49
                                    

Unicode

တိုက်ခန်းလေးတခု.... ပရိဘောဂသိပ်မရှိတဲ့ အခန်းလေးထဲမှာ လူနှစ်ယောက်အငြင်းပွားနေတယ်။

"နောက်ဆုံးတော့ ခဗျား ကျွန်တော့်ကိုလာရှာပြီပေါ့"

"မင်းဘာတွေလျောက်လုပ်ထားတာလဲ"

"ကျွန်တော်က ဘာလုပ်လို့လဲ "

"သူစုံစမ်းနေပြီ မင်းမကြောက်တတ်ဘူးလား ဟမ်! သူသာ ဝမ်တွေကို ဒီကိစ္စထုတ်ပြောခဲ့ရင်...  "

"သူမပြောပါဘူး သူက အစိုးရိမ်ကြီးတတ်တဲ့
အိုမီဂါငတုံးလေးပဲ ။ ခဗျားသာ ကျွန်တော့်စကားကိုနားထောင်စမ်းပါ သက်သေတွေက ကျွန်တော့်လက်ထဲမှာနော် "

"ဘာလဲ မင်းက ငါ့ကိုတောင် ပြန်ခြိန်းခြောက်နေတာလား၊ ဖျက်စီးပစ်လိုက်စမ်း အဲ့ဒါတွေ "

"ဖျက်စီးလိုက်ရင် ခဗျားက ကျွန်တော်ကိုဘယ်အဖက်လုပ်ပါတော့မလဲ ဟုတ်တယ်မလား။ လိမ်မာစမ်းပါ ..ဒီကိစ္စပြီးရင်ငွေတွေယူပြီးအဝေးကိုထွက်သွားမယ်။ ခဗျား ကျွန်တော်နဲ့အတူလိုက်ခဲ့ရမယ် "

"ငါကမလိုက်ဘူးဆိုရင်ကော "

"မလိုက်လို့မရဘူး ခဗျားသိပါတယ်
ခဗျားက ကျွန်တော့်အပိုင် အိုမီဂါ ၊ကျွန်တော်နဲ့ဝေးဝေးမှာ ခဗျားကြာကြာနေလို့မရပါဘူး"

Alpha pheromone နံ့က သိသိသာသာလွှမ်းခြုံလာတယ်။ရန်ဖြစ်နေတဲ့ လူနှစ်ယောက်ရဲ့ ကိုယ်နှစ်ခုကပူးကပ်သွားတယ်။

"ချန် ! မလုပ်နဲ့ "

"ကျွန်တော်နဲ့အတူတူ ထွက်သွားမယ်လို့
ကတိပေး "

အခန်းထဲမှာ အချစ်နွံထဲကျရောက်နေတဲ့ လူနှစ်ယောက်ရဲ့အော်ငြီးသံတွေဆူညံသွားတယ်......

************************************

ရှောင်းကျန့်က mail ပို့သူကို ပြန်ပြီး ဆက်သွယ်လိုက်တယ်။ သူ ဝမ်တလုရဲ့အကူအညီနဲ့ ဒီလူရဲ့အကောင့်ကို hack ဖို့ကြိုးစားကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ တဖက်လူက သူတို့ထက်ပိုပြီး နည်းပညာပိုင်းမှာကျွမ်းကျင်ပုံရတယ်။ သူ့ရဲ့တည်နေရာက တစက္ကန့်ကို တနိုင်ငံ ကူးပြောင်းနေတယ်။ ဘယ်လိုမှ့ location လိုက်လို့မရ။ မတတ်နိုင်တော့တဲ့အဆုံး အပေးအယူကိစ္စကို ပြောကြည့်ဖို့ပဲကျန်တော့တာပဲ။

My Ugly Omega Mate (Completed)Où les histoires vivent. Découvrez maintenant