2

16.1K 1.6K 122
                                    

Unicode

8နာရီနီးပါး လေယာဉ်စီးခဲ့ပြီးနောက် Aနိုင်ငံကိုပထမဆုံးခြေချနိုင်ခဲ့ပြီ။ လေဆိပ်ကရှုပ်ရှပ်နေတဲ့ လူအုပ်ကတောင် သူတို့မြို့တမြို့လုံးစာလောက်ရှိတယ်။

"များလိုက်တဲ့လူတွေ "

ရှောင်းကျန့်ရဲ့ခေါင်းက ချာချာလည်နေတယ်။ သူ့မှာဟိုကြည့်ဒီကြည့်နဲ့ ဘာကိုမှအလွတ်မပေးကြည့်လဲကြည့်ချင် ကြည့်လို့လဲမကုန်နိုင်။ လေထုထဲမှာ အနံ့တွေကလဲအစုံပဲ။ လူရှေ့သူရှေ့မရှောင်ပွေ့ဖက်နမ်းရှုံ့နေကြတဲ့ အတွဲတွေကိုလဲတွေ့ရတယ်။

ဆေးတွေကိုကိုယ်နဲ့မကွာဆောင်ထားပြီး အချိန်မှန်သောက်ရမယ်။ ဒီလိုနေရာမျိုးမှာ heat ဝင်ရင်သူ့ဘဝတော့မတွေးရဲစရာပဲ။ ဒါပေမဲ့ သိပ်တော့စိတ်မပူပါဘူး။ အခုသူ့ပုံစံအနေအထားက rut ဖြစ်နေတဲ့ alpha တောင် ရှောင်းကျန့်ကိုမြင်တာနဲ့ ချက်ချင်းပန်းသေသွားနိုင်တယ်။

ကြိုတင်ချိန်းဆိုထားတဲ့အတိုင်း ကျဲရဲ့ရှေ့နေက စောင့်ကြိုနေတယ်။ ကျဲတို့လင်မယားရဲ့ အရိုးပြာထားတဲ့နေရာကိုပဲ အရင်ဆုံးသွားလိုက်ပါတယ်။ အကန့်လေးတွေစီထားတဲ့နေရာမှာ ကျဲရဲ့ဓာတ်ပုံဘေး ပန်းတပွင့်ကိုအသာချပေးလိုက်တယ်။

"ဒီကမ္ဘာမှာ အလှဆုံး၊ စိတ်ကောင်းအရှိဆုံး နတ်သမီးလေး၊ အေးချမ်းရာကိုရောက်ပါစေ ၊ ကျင်းလင်လေးကိုလဲ ကျွန်တော်ကအကောင်းဆုံးပျိုးထောင်ပေးမှာမို့ စိတ်ချနော် "

ငူငူကြီးရပ်နေမိတာ အချိန်တွေဘယ်လောက်ကြာသွားခဲ့သည်မသိ။ ရှေ့နေကြီးက သတိပေးမှ့ သူမျက်ရည်တွေကိုသုတ်လိုက်ရင်း....

"ကလေးက ဘယ်မှာလဲ "

"ကလေးကလေ ဦးလဲ အဲ့ဒါပြောမလို့ကွယ်
သူ့အဖေဘက်ကအမျိုးတွေက ခေါ်ထားတယ်"

"ဟုတ်လား ဒါဆို ကျွန်တော်တို့
သွားခေါ်ရမှာပေါ့"

"အင်း သူတို့ကလဲ မင်းနဲ့တွေ့ချင်တယ်တဲ့ "

*********************************

ရှေ့နေကြီးပေးတဲ့ စာချုပ်တွေကို သေချာစစ်ဆေးပြီးလက်မှတ်ထိုးပေးလိုက်တယ်။ ကိစ္စတွေအမြန်ဖြတ်ပြီးတာနဲ့ ပြန်ရမယ်။ ဝမ်အိမ်တော်က လွှတ်လိုက်ပါတယ်ဆိုတဲ့ကားပေါ်ပါလာခဲ့ပြီး နန်းတော်တမျှကြီးမားတဲ့ အိမ်ကြီးရှေ့ရောက်ခဲ့ရပြီ။ ရှောင်းကျန့်က အိမ်ကိုခေါင်းမော့လို့အထပ်ကိုရေကြည့်တယ် ။ အားလုံး ၁၂ထပ်ရှိတာပဲ။

My Ugly Omega Mate (Completed)Where stories live. Discover now