20

13.4K 1.2K 30
                                    

Unicode

"ကားနောက်ဖုံးကိုဖွင့်လိုက် "

"နောက်ဆုတ် !!! ပြန်ဆုတ်ကြစမ်း !!! "

ကျယ်လောင်တဲ့ပေါက်ကွဲသံက မြေကြီးတွေပါတုန်တက်သွားပြီး လူတိုင်းနားကိုပိတ်လိုက်ကြရတယ်။ ခဏအတွင်းမှာပဲ အော်ဟစ်သံတွေ ဆူညံသွားတယ်။

"ဒီဗုံးအမျိုးအစားက ..."

ရဲအရာရှိက မျက်မှောင်ကျုံ့သွားတယ်။ ဒီအချိန်မှာပဲ ကျန်းချန်က သူ့စီ အလောတကြီးပြေးလာတယ်။

"inspector !! ကျွန်တော့်သူငယ်ချင်းမရှိတော့ဘူး "

"ဘာ ! "

Leo Wang ရဲ့မြေးကြီး ဝမ်ရိပေါ် ၊ ပျောက်ဆုံးချိန် Dec 13 မနက် 9နာရီဝန်းကျင် ....

************************************

Ringing ~~~~

ဖုန်းက ‌ကားခြေနင်းခုံနားတဂီးဂီးမြည်ကာ တုန်ခါနေတယ်။ အရူးတပိုင်းဖြစ်နေတဲ့ ဝမ်ရိပေါ်က ဖုန်းကိုငုံ့ကောက်တယ်။

"..."

" Alpha တယောက်က လွယ်လွယ်မျက်ရည်မကျရဘူး ၊ဘာကြောင့်များ ဒီလောက်တောင် ဝမ်းနည်းနေရတာပါလိမ့် "

ဝမ်ရိပေါ်က ကားကို အကဲခတ်ကြည့်တယ်။ စောင့်ကြည့်ကင်မရာတပ်ထားတာသေချာတယ်။ သူစိတ်ကိုတည်ငြိမ်‌ဖို့ အတတ်နိုင်ဆုံးကြိုးစားတယ်။

"မင်းဘယ်သူလဲ ၊ ဘာလို့ ငါ့ကို ဒီလိုတွေ
လုပ်နေရတာလဲ "

" ဘယ်လိုထင်လို့လဲ.. ရှင်ပူဆွေးသောကရောက်နေရတာကို သိပ်မြင်ချင်တဲ့သူပေါ့  ခစ်ခစ် "

"မင်းကိုငါသိတောင်မသိတာကို ...ကျစ်!!!
ထားလိုက်တော့ မင်းဘယ်သူဖြစ်ဖြစ်ငါစိတ်မဝင်စားဘူး။ ရှောင်းကျန့်ဘယ်မှာလဲ "

"အင်း....အဲ့ဒါကတော့ ရှင့်အပေါ်မူတည်နေတာပဲ ၊ရှင့်အချစ်ကလေး အသက်ကိုကယ်ချင်တယ်မလား ။ဒါဆို ကျွန်မတို့ပျော်စရာလေးတစ်ခုလောက် လုပ်ကြရအောင် "

"ငါ့ကို ...မချိန်းခြောက်နဲ့ ...မင်းကိုငါက ကြောက်မယ်များထင်နေလား "

ဒီအချိန်မှာပဲ အပြင်ဘက်က ပေါက်ကွဲသံတစ်ခုကိုကြားလိုက်ရတယ်။

My Ugly Omega Mate (Completed)Where stories live. Discover now