21

14.7K 1.3K 35
                                    

Unicode

နံရံထောင့်အမှောင်ရိပ်နား ခိုကပ်လို့ တကိုယ်လုံးတုန်နေတဲ့ကောင်လေး။  သူ့ရဲ့အစ်မက ဒီလောက်ထိဆိုးဝါးစွာ ရူးမိုက်နေလိမ့်မယ်လို့ သူထင်မထားခဲ့မိဘူး ။ ကျဲကျဲကို သူသိပ်ကြောက်ရတယ်။ ဒါပေမဲ့ ဒါက မမှန်ဘူးလေ။ ဒီလောက်ထိလုပ်မယ်မှန်းသိရင် သူ ဒီအစီအစဉ်မှာ ကူညီပေးခဲ့မှာမဟုတ်ဘူး။ ကျဲကျဲက ဒီလူနှစ်ယောက်စလုံးကိုသတ်တော့မှာဆိုတာ သူရိပ်မိတယ် ။

သူတားရမယ်။ ဘယ်လိုဖြစ်ဖြစ် သူတားမြစ်ရမှာပဲ။

ဖုန်းကိုထုတ်လို့ နံပါတ်တစ်ချို့ကိုနှိပ်လိုက်တယ်။

"ဟဲလို ...ရဲဌာနကလား သတင်းပေးချင်လို့ပါ"

".............."

ဖုန်းပြောပြီးတော့  မြေပြင်မှာ ငုတ်တုတ်ထိုင်ချလိုက်မိတယ်။

ငါတောင်းပန်ပါတယ် ကျဲကျဲ။ ဒါက နင်ကောင်းဖို့အတွက်ပါ။ နင်လူသတ်လို့တော့ မဖြစ်ဘူးလေ။ နင့်စိတ်တွေက ပုံမှန်မဟုတ်တော့ဘူး။ အားလုံးပြီးသွားရင် နင့်ကိုဆေးရုံ ပြန်တင်ရတော့မှာပဲ။ ဘယ်သူမှ့နင့်ကိုမချစ်ရင်တောင် ငါချစ်ပါတယ် ကျဲရယ်။ နင့်အနားမှာ ငါတသက်လုံးရှိနေမှာပါ။

" Ling Yi  နင်ဒီမှာဘာလုပ်နေတာလဲ "

"အမလေး ! "

" အကူအညီကိုမရဘူး အခန်းထဲပြန်လိုက်ခဲ့စမ်း "

အခန်းထဲမောင်နှမ နှစ်ယောက်သား ပြန်ဝင်လာတော့ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့လှောင်အိမ်နား နီးအောင်ကိုယ်ကို ကြိုးစားရွေ့နေတဲ့မြင်ကွင်းကိုတွေ့ရတယ် ။

"သိပ်ချစ်နေကြတယ်ပေါ့လေ
သိပ်ချစ်နေကြတယ်ပေါ့ တောက် !
ငါ့လူကိုသတ်ထားပြီး နင်တို့မှာ ဒီလိုချစ်ခွင့်ရှိလို့လား"

ဖြန်း ~~~

သူမက ဝမ်ရိပေါ်ကို ဒေါသတကြီး အဆက်မပြတ်ရိုက်နှက်နေတယ်။ Ling Yi က လှောင်အိမ်နားကပ်သွားပြီး ရှောင်းကျန့်ကို ရေတိုက်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ ရှောင်းကျန့်က ရိပေါ်အရိုက်ခံနေရတာကြောင့် လှောင်အိမ်ထဲက အတင်းထွက်ချင်နေပြီး ရေခွက်ကိုလဲ တွန်းပစ်တယ်။

My Ugly Omega Mate (Completed)Donde viven las historias. Descúbrelo ahora