3

15.4K 1.7K 83
                                    

Unicode

"မင်းရဲ့လက်ဗွေကို စနစ်ထဲမှာဦးတို့ပေါင်းထည့်ပေးထားတယ်။ ဒီအိမ်ရဲ့ အိပ်ခန်းတွေကလွဲလို့ တံခါးတော်တော်များများကိုဝင်ထွက်လို့ရတယ်၊ လူအိပ်ခန်းတွေက ပိုင်ရှင်ရဲ့ခွင့်ပြုချက်ရှိမှ့ ဝင်ခွင့်ရမယ် ၊ဒီအခန်းကို ပိုင်ရှင်အဖြစ် မင်းကိုစာရင်းသွင်းပေးလိုက်ပြီ ၊  security ကိုအမြင့်ဆုံးချထားပါတယ်။ ဒီအဆောက်အဦးတစ်ခုလုံးက အလိုလျောက် တုံ့ပြန်စနစ်နဲ့သွားတာလေ "

အိမ်တော်ထိန်းကြီး ကျန်းဖုချီက ရှောင်းကျန့်ကို သိချင်တာတွေအားလုံး စိတ်ရှည်ရှည်ရှင်းပြတယ်။ ဒီအိမ်မှာ ပုံမှန်အနေအထားရှိတာ ဒီဦးလေးကြီးတယောက်ပဲရှိ လောက်မယ်။ ဟိုဝမ်မျိုးရိုး Alpha တအုပ်ကတော့ တကယ့်အထူးအဆန်းတွေ။

  ရှောင်းကျန့်နေရတာက ၇လွှာမှာဖြစ်တယ်။ ကျင်းလင်ရဲ့အခန်းကလဲ သူနဲ့ကပ်ရပ်ပဲဖြစ်တယ်။ ဝမ်ကျင်းလင်အတွက် ၇လွှာမှာ ကလေးကစားကွင်းအသေးစားဆောက်ထားပေးတယ်။ Aနိုင်ငံရဲ့ နည်းပညာတွေကတော့တိုးတက်လွန်းလို့ တောသားလေးရှောင်းကျန့်ခမျာ မနည်းအမှီလိုက်နေရတာပါပဲ။  အိမ်သားတွေက ၈လွှာနဲ့ ၉လွှာမှာနေကြတယ်လို့သိရတယ်။ ဟိုအချေရုပ်နဲ့ ဝမ်အငယ်ဆုံးကောင်ကတော့ အပေါ်ဆုံးထပ်မှာ တယောက်ထဲမင်းမူနေတယ်ဆိုလားပဲ။ Alpha တွေက သောက်ကြီးသောက်ကျယ်တွေများတာမို့ အိမ်ကိုအထပ်များများ နေရာကျယ်ကျယ်ဆောက်ထားဟန်တူတယ်။

"နားလိုက်ပါဦး "

တံခါးကိုသေချာပြန်ပိတ်လိုက်ပြီးမှ့ ရှောင်းကျန့်ကအခန်းတစ်ခုလုံးကို စောင့်ကြည့်ကင်မရာတို့ဘာတို့ရှိမရှိသေချာစစ်ဆေးလိုက်တယ်။ အားလုံးစိတ်ချရမှ့ ဧရာမအကျီခေါင်းစွပ်ကြီးကို ဆွဲချွတ်ပစ်တယ်။

" ဟူးး ...စိတ်အိုက်လိုက်တာ "

ဆံပင်အတုနဲ့တဆက်ထဲဖြစ်တဲ့ ဆီလီကွန် ခေါင်းစွပ်မျက်နှာဖုံးအတုကိုလဲ လည်ပင်းအစပ်နားကနေအသာအယာ ဆွဲခွာချွတ်လိုက်တယ်။ မှဲ့ခြောက်တသိန်းနဲ့ ဝက်ပုပ်ဘဝက‌နေ ချက်ချင်းပဲမျက်ခုံးတန်းနက်နက်လေးတွေနဲ့ ချောမောတဲ့ ကောင်လေးရှောင်းကျန့်ပြန်ဖြစ်သွားတယ်။ ဒါတောင် ဒီအကျီ နဲ့ဘောင်းဘီက သူနဲ့ယွီပင်းတညလုံးသေချာဒီဇိုင်းဆွဲပြီး ချုပ်ထားရတာ။ အထဲမှာခံချုပ်ထားတဲ့ဖော့တွေက အပေါ့ပါးဆုံးကွာလတီကိုသုံးထားတာမို့ ဝတ်ရတာလေးနေတာမျိုးမဖြစ်ဘူး။ ပြန်ခေါက်‌ရင်လဲ သေးသေးလေးဖြစ်အောင်ဖိခေါက်လို့ရတယ်။ သက်တောင့်သက်သာရှိပေမဲ့ အကျင့်မရသေးတော့ နေရခက်နေတာ။ စီလီကွန်မျက်နှာဖုံးအတုကတော့အရင်ကတည်းက အပြင်သွားရင်တပ်ဖို့သုံးနေကျမို့ နေသားကျနေပြီ။

My Ugly Omega Mate (Completed)Where stories live. Discover now