11

18.9K 1.6K 111
                                    

Unicode

တရက်လုံး ဝမ်ရိပေါ်က ရှောင်းကျန့်အနားကမခွာဘူး။ မသိရင်သူက အခုပဲထွက်ပြေးသွားတော့မဲ့ လူလိုပဲ။ ဘယ်အိုမီဂါကကိုယ့်mateအနားက လွယ်လွယ်ပြေးမှာလဲ။ အလကား ဥစ္စာခြောက်နေတာ ။ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့အလစ်ကိုစောင့်နေရတယ်။ ကျန်းချန်က ဝမ်ရိပေါ်ကို အရေးကြီးပြောစရာရှိသည်ဟုဆိုကာ လာခေါ်သွားတဲ့အခါမှာတော့ ရှောင်းကျန့်အတွက်အခွင့်အရေးရလေပြီ။ ဝမ်ရိပေါ်ရဲ့အလုပ်ခန်းက ဒီအထပ်မှာပဲသက်သက်အခန်းဖွဲ့ထားတာမို့ သူ့အတွက် အချိန်အများကြီးတော့မရဘူး။

သူ့ပစ္စည်းတွေက အပေါ်ထပ်ကိုရွေ့ထားပြီးဖြစ်တာမို့ လက်တော့ကိုဖွင့်လို့ Black Cat နဲ့ဆက်သွယ်လိုက်တယ်။ သူစာတွေပို့ပေမဲ့ တဖက်ကစာပြန်မလာဘူး။ရှောင်းကျန့်ရဲ့ဖုန်းက ပွဲနေ့မှာပျောက်သွားတာကြောင့်  သူက အိမ်တော်ထိန်းဦးလေးကြီးလာပေးထားတဲ့ ဖုန်းအသစ်နဲ့ ဝမ်တလုကို ဖုန်းခေါ်လိုက်တယ်။

"ကျွန်တော်ပါ.. ရှောင်းကျန့်ပါ "

"မင်း အဆင်ပြေရဲ့လား ..ထိခိုက်မိတာရှိလား"

"ကျွန်တော်အဆင်ပြေပါတယ် ၊ ဟိုလူကိုဖမ်းဖို့ကိစ္စက ဘယ်လိုလုပ်မလဲ ။ သူ့ကိုကျွန်တော် mail ပို့ပြီးဆက်သွယ်ထားတယ်။ ဘာမှ့ အကြောင်းမပြန်ဘူး "

"ကိုယ်အားနာပါတယ် ၊ ကိုယ်မင်းကို ဒီကိစ္စအဆုံးထိကူညီချင်ပေမဲ့ မနက်ဖြန်ကိုယ်ကျွန်းကိုပြန်ရတော့မယ်"

"ကျွန်တော်နားလည်ပါတယ် "

"မင်းရဲ့ငွေအိတ်ကို ကိုယ်‌သေချာသိမ်းထားတယ်။ တနေရာမှာတွေ့ကြရအောင်လေ "

"ကျွန်တော် အခုလောလောဆယ် အပြင်ထွက်လို့မရသေးဘူး ၊ ကျွန်တော့် mate ဖက်က နည်းနည်း....ဘယ်လိုပြောရမလဲ .."

"ဟား ကိုယ်နားလည်ပြီ ၊ ဒါဆို မင်းစီကို ကိုယ်လာပို့ပေးလိုက်မယ်။ ကိုယ်မင်းကို မိတ်ဆွေရင်းတယောက်လိုခင်မိလို့ အကြံတခုပေးချင်တယ်။ မင်းရဲ့လူကို ဒီကိစ္စ ပွင့်ပွင့်လင်းလင်းပြောပြီးတိုင်ပင်ပါလား။ သူ့ကိုမင်းယုံကြည်လို့ရပါတယ် ၊ မင်းတယောက်ထဲ ဒီကိစ္စဖြေရှင်းဖို့ဆိုတာကမဖြစ်နိုင်ဘူး နော် ကိုယ်ပြောတာကို သေချာစဉ်းစား"

My Ugly Omega Mate (Completed)Where stories live. Discover now