18

13.9K 1.3K 28
                                    

Unicode

"အလုပ်ကိစ္စအရေးကြီးလို့ ခရီးထွက်သွားတယ်"

ကျန်းချန်ရဲ့စကားကြောင့် ရှောင်းကျန့်က အလွန်အံ့ဩသွားတယ်။

"ငါလဲမသိရပါလား ဘာအလုပ်လဲ ၊ ငါ့ကိုဘာမှလဲ ကြိုမပြောဘူး "

"အရေးကြီးလို့ပါ ပြန်လာမှ့ စိတ်ကောက်ပစ်လိုက်ပေါ့ "

"ငါက စိတ်မကောက်တတ်ပါဘူးနော်
အခုက သူကိုစိတ်ပူလို့မေးတာပါ
ဘယ်လောက်ကြာမှာတဲ့လဲ"

"နှစ်ပတ်လောက်ကြာမယ် ဖုန်းလိုင်းမမိတဲ့နေရာသွားတာမို့ ဒီကြားထဲဖုန်းမဆက်ပါနဲ့ဦး"

ဖုန်းခေါ်ဖို့ ရွယ်နေတဲ့လက်လေးက ရပ်တန့်သွားရပြီးရှောင်းကျန့်ရဲ့မျက်နှာက ငေါင်ငေါင်လေးဖြစ်သွားတယ်။

နှစ်ပတ်တောင်ကြာမှာကို ဝမ်ရိပေါ်က ဘာလို့သူ့ကိုပြောမသွားတာလဲ။ နှစ်ပတ်တောင်လေ ...ဖုန်းလဲဆက်မရဘူးတဲ့။ သူတယောက်ထဲ ဘယ်လိုနေရမှာလဲ။ လူကိုသူမရှိရင်မဖြစ်အောင် ဂရုစိုက်ခဲ့ ၊ ချစ်ပေးခဲ့ပြီးတော့ အခုကျ ပစ်ထားရက်တယ်။ ခရီးသွားတာ သူ့ကိုလဲ ခေါ်သွားလို့ရတာပဲကို ။ ဘာဖြစ်လို့မခေါ်ရတာလဲ ။ ဝမ်ရိပေါ်က သူ့အပေါ် စိတ်ကုန်နေပြီလား။ သူက ရိပေါ်ရဲ့သတင်းတွေကို ကျန်းချန်ကတဆင့်မှ့သိရမဲ့ ဘဝရောက်နေပြီလား။

လူစိတ်ကလည်းထူးဆန်းတယ်။ တခုခုကိုစိတ်ထဲရှိသွားပြီဆို တနုံ့နုံ့နဲ့ အများကြီးချဲ့ကားပြီးလျှောက်တွေးနေမိတော့တာ။ မနက်ကတည်းကတွေးလိုက်တဲ့ အတွေးတွေက ညရောက်တဲ့အခါပိုလို့ အရှိန်အဟုန်ကြီးလာတယ်။

ဝမ်ရိပေါ်ရဲ့ အလုပ်အချိန်ဇယားနဲ့ လုပ်ငန်းတွေအကုန်သူသိနေတာပဲကို။ ရုတ်တရက်ကြီးနှစ်ပတ်တောင် ထွက်သွားရစရာ ဘာအကြောင်းရှိလို့လဲ။ ဘယ်မြို့ကိုသွားတာမို့ ဖုန်းလိုင်းကမမိရတာလဲ။ ကျန်းချန်ကိုမေးတော့လဲ သေချာမပြောပြချင်တဲ့ပုံ မျက်နှာပျက်နေတယ်။ ဘုရား...ဘုရား ဝမ်ရိပေါ်က သူ့ကွယ်ရာမှာ ဖောက်ပြန်နေတာများလား။ ခုမှ့သတိထားမိတယ်။ ရိပေါ်က မနက်ကတည်းကသူ့ကိုရှောင်ဖယ်ရှောင်ဖယ်လုပ်နေတာ။ ဖုန်းပြောတော့လဲ သူ့ကိုမသိစေချင်တာလိုမျိုး လက်နဲ့အုပ်လို့အပြင်ထွက်ပြောတယ်။ အရင်က ဒီလိုမျိုးမှ့မဟုတ်တာ။

My Ugly Omega Mate (Completed)Tempat cerita menjadi hidup. Temukan sekarang