13

16.9K 1.5K 36
                                    

Unicode

"သူတို့က ဘယ်လိုလုပ်ပြီး ....
တကယ်ပဲ သူတို့လုပ်ခဲ့တာလား "

ရှောင်းကျန့်ရှေ့မှာရှိနေတဲ့လူနှစ်ယောက်က မန်နေဂျာချုပ် မင်ရီနဲ့ အလုပ်ထွက်သွားပြီဆိုတဲ့ သူ့ရဲ့လက်ထောက် ချန်ဟောင်ရန်တို့ပဲဖြစ်တယ်။ မင်ရီနဲ့ ၇လနီးပါး အလုပ်တွဲလုပ်ခဲ့တာကြောင့် ကောင်းကောင်းရင်းနှီးနေပြီး  ချန်ဟောင်ရန်ကိုတော့ရှောင်းကျန့်က တခါပဲ သေချာမြင်ဖူးလိုက်တယ်။ သူတို့နှစ်ယောက်ရုံးမှာ စကားများရန်ဖြစ်ကြတုန်း သူကြားဝင် ဖျန်‌ဖြေပေးခဲ့ဖူးတယ်။ ဒါကြောင့်မို့ ဒီလူရဲ့မျက်နှာကို မှတ်မှတ်ရရရှိနေတာ။ အသက်ရှူကြပ်လာသလိုခံစားရတာကြောင့်မျက်နှာပေါ်က mask ကိုဆွဲချွတ်လိုက်တယ်။

မင်ရီက ရှောင်းကျန့်နဲ့ ရိပေါ်ကိုမြင်တော့ တုန်လှုပ်ကြောက်ရွံ့နေပြီး ချန်ဟောင်ရန်ကသူ့ကိုပွေ့ဖက်လို့ကာကွယ်ပေးထားတယ်။ နှစ်ယောက်လုံးရဲ့ကိုယ်က သွေးအလိမ်းလိမ်း ဒဏ်ရာဒဏ်ချက်တွေအပြည့်နဲ့ .....

"အပြစ်ကိုဝန်ခံ ...လုပ်ခဲ့သမျှ အားလုံး အမှန်အတိုင်းပြောပြ ၊ ခေါင်းမာနေရင် အမှန်ပြောစက်သုံးမယ် ... "

ဝမ်ရိပေါ်ရဲ့လေသံက အေးစိမ့်နေတဲ့ မြေအောက်ခန်းထဲမှာ နက်ရှိုင်းစွာထွက်ပေါ်လာတယ်။ သူ့မျက်ဝန်းတွေက ရှောင်းကျန့်ကိုအမြဲငေးကြည့်နေခဲ့တဲ့ နွေးထွေးကြင်နာမှု့တွေပျောက်ဆုံးနေပြီး ၊ အကြည့်နဲ့တင် လူကိုဖိအားတစ်ခုဖြစ်စေတယ်။ သူ့အမိန့်ကို မနာခံပဲမနေရဲတော့အောင်ပဲ ။

"မလုပ်ပါနဲ့ ပြောပါ့မယ် "

မင်ရီကကြောက်လန့်စွာပြောတယ်။ အမှန်ပြောစက်ဆိုတာ Aနိုင်ငံမှာ တရားမဝင်တဲ့တားမြစ်ပစ္စည်းဖြစ်တယ်။  ပြစ်မှု့ကြီးကြီး ကျူးလွန်ထားတဲ့ကွင်းဆက်လူသတ်သမားတွေကိုသာ အပြစ်ဝန်မခံရင်သုံးခွင့်ရှိတာဖြစ်တယ်။ ဒီစက်ကိုအသုံးပြုခံရသူက ရူးရင်ရူး ၊ မရူးရင် ဦးနှောက်လုပ်ဆောင်မှု့တွေပုံမှန်မဟုတ်တော့ပဲ ဘဝသေသွားတာနဲ့မခြား ဖြစ်သွားတတ်တယ်။

"ကျွန်တော် ..company ရဲ့ ငွေတွေတော်တော်များများကို အလွှဲသုံးစားလုပ်မိခဲ့တယ်။ လောင်းကစားဝိုင်းမှာ ပြန်ရနိုးနဲ့လိုက်ရင်း နှစ်ကုန် စာရင်းချုပ်တော့ ကျွန်တော်သုံးထားတာ တော်တော်လက်လွန်နေပြီ။ စာရင်းတွေက လိမ်လို့မရတော့ဘူး။ အားလုံးပေါ်ကုန်တော့မယ်။ ကျွန်တော် သူဌေးရဲ့ အိမ်ကိုတောင်းပန်ဖို့‌သွားခဲ့တယ်။ ကျွန်တော့်ကိုထောင်မချဖို့ပေါ့။ ဟိုရောက်တော့ သူဌေးကဧည့်သည်တယောက်နဲ့စကားပြောနေတယ်။ ကျွန်တော်ချက်ချင်းဝင်မသွားပဲချောင်းနားထောင်ခဲ့တယ်။ အရည်အသွေးကောင်းတဲ့ ပုလဲတွေကို ဒီလူကသူဌေးကိုယုံယုံကြည်ကြည်နဲ့အပ်‌ခဲ့တာကိုတွေ့တယ်"

My Ugly Omega Mate (Completed)Where stories live. Discover now