6

14.7K 1.5K 47
                                    

Unicode

"ဒါက ဘယ်သွားဦးမှာလဲ "

"သိရက်သားနဲ့ "

ရိပေါ်က ကားသော့ကိုလှည့်ပတ်ဆော့နေလျက် အပြင်ထွက်ဖို့ပြင်နေတယ်။

"မသွားရဘူး  နေ့လယ် ၂နာရီ အစည်းအဝေးရှိတယ် "

"ကျန်းချန်ရာ ၂နာရီထိုးဖို့အဝေးကြီးလိုပါသေးတယ် ၊ ခဏပဲ သူနဲ့ နေ့လယ်စာစားပြီးရင်ပြန်လာမယ် "

"မရဘူးလို့ မင်းဟိုတခါကလဲ ဒီအတိုင်းပြောပြီး ပြန်မလာဘူး "

ဝမ်ရိပေါ်ရဲ့မျက်နှာက တည်သွားတယ်။ ကျန်းချန်ကို‌ အလေးတနက်စကားတခွန်းမေးတယ် ။သူ့ပုံစံက အာရုံစုစည်းထားတာ သိသာတယ်။

"ကျန်းချန် ငါမင်းကို အလုပ်ရှင်တယောက်လိုတခါမှ့ မဆက်ဆံခဲ့ဖူးဘူးနော် ၊ ငါတို့က သူငယ်ချင်းတွေပဲ ၊ မင်းက ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်း "

"အမယ် အဲ့ဒီတော့ "

"မင်းကငါ့သူငယ်ချင်းတယောက်အနေနဲ့ ငါမင်းကိုငါသိချင်တာလေးတစ်ခု ရင်ဖွင့်တိုင်ပင်ချင်တယ် "

"အင်း ပြော "

"လူတယောက်ကို အမြဲတွေ့ချင်နေပြီး အဲ့ဒီလူပျော်နေတာကို အမြဲမြင်ချင်နေတယ်။ ဘယ်လိုပြောရမလဲကွာ ၊ သူ့ရဲ့ ရယ်သံလေးက အစ ကြားနေရရင် ရင်ထဲကြည်နူးမိတယ်။ သူ့အနားမှာ နေချင်တယ် ။ အဲ့ဒီခံစားချက်က အချစ်လား ? "

"မေးနေစရာလိုသေးလား ဒီလောက်ပျော်ဝင်နေမှ့တော့ အချစ်ပေါ့ ငါ့ကောင်ကြီးရ ၊ မင်းတောင် ချစ်တတ်နေပြီပေါ့လေ "

"အင်း ...ငါ ချစ်မိသွားပြီထင်တယ် "

ရိပေါ်ရဲ့မျက်ဝန်းတွေက နူးညံ့နေပြီး အချစ်ကျောင်းမှာ အချစ်သင်ခန်းစာကိုသင်ယူအောင်မြင်လာတဲ့ လူငယ်ပေါက်စနလေးလို ဖြစ်နေတယ်။

"မင်းကြိုက်ရင်လဲ စေ့စပ်ပွဲကို ဘာလို့ငြင်းခဲ့သေးလဲ "

"ကျန်းချန် မင်းဘာပြောနေတာလဲ "

"မင်း လီရှင်းကို ကြိုက်တဲ့အကြောင်း ပြောနေတာမဟုတ်ဘူးလား "

" ရူးတာလား ငါပြောနေတာ ရှောင်းကျန့်ကို ...
ပြီးတော့ ကြိုက်တာမဟုတ်ဘူး ချစ်တာ "

My Ugly Omega Mate (Completed)Where stories live. Discover now