9

17.9K 1.6K 67
                                    

Unicode

Palace Hotel  , Leo Wang group နှစ် 100 ပြည့်ပွဲ ....

ပွဲချိန်က ည6နာရီမှ့စတာဖြစ်ပေမဲ့ အော်စကာဆုပေးပွဲအခမ်းအနားလိုပင် အဆင့်အတန်းမြင့်စွာဝတ်စားပြင်ဆင်ထားကြသည့် လူများတဖွဲဖွဲရောက်နေကြပြီ။ အပြင်ဘက် မြက်ခင်းပြင်မှာလဲ ပန်းများဖြင့်အလှဆင်ထားသလို စားပွဲခုံအဝိုင်းအဖြူလေးတွေလဲချထားပေးတယ်။  အထဲက Hall Type လိုအခန်းကျယ်ကြီးမှာလဲ လူပေါင်းမနည်းဆံ့မဲ့ပုံပင်။ အထပ်တွေကလဲ အများကြီးဖြစ်ကာ အဓိကကျေးဇူးတင်စကား၊ဂုဏ်ပြုစကားစသဖြင့် ပြောကြားရမည့် စင်မြင့်မှာ အောက်ဆုံးမြေညီထပ်၏ အလယ်တည့်တည့်တွင်ထားရှိကာ ပတ်ပတ်လည်မှာလဲ အပေါ်ထပ်က လူများပါကြည့်လို့ရအောင် လက်ရန်းတန်းများဖြင့် သေချာပြင်ဆင်ထားတာဖြစ်တယ်။ ထောင့်ဘက် ဘယ်ညာမှာတော့ စားပွဲရှည်များချထားကာ စားစရာသောက်စရာများကိုယ်တိုင်ယူစနစ်ဖြင့် ခင်းကျင်းပေးထားတယ်။

ရှောင်းကျန့်က ယွီပင်းသေချာချုပ်ထားပေးတဲ့အနက်ရောင် ကုတ်ဝမ်းဆက်လေးနဲ့ ဝက်လုံးလေးလိုဖြစ်နေတယ်။ ရင်ဘတ်မှာ အနီရောင်ဖဲပြားတစ်ခုက တပ်ထားပေးသေးတယ်။ ကလေးကလားဆန်လိုက်တာ ...ဒါပေမဲ့ သူယွီပင်းကို စိတ်မဆိုးအားဘူး။ mail ပို့တဲ့လူစီက ဖုန်းကိုမျှော်နေရတယ်။ ဖုန်းဆက်မယ်ဆိုပြီးအခုထိ မဆက်သွယ်လာသေးဘူး။ ဝမ်တလုကလဲ မလှမ်းမကမ်းမှာ ဝိုင်ခွက်လေးကိုင်ပြီး ပွဲလာသူတွေကြားထဲ ရောနှောနေတယ်။

ပွဲကတော့ စနေပြီဖြစ်ကာ ဝမ်ဖိုးဖိုးတောင်စင်ပေါ်တက်ပြီး ကျေးဇူးတင်စကားအရှည်ကြီးပြောနေပြီ။ ဝမ်ရိပေါ်ကိုတော့ ခုနကျန်းချန် ၊ လီရှင်းတို့နဲ့အတူရှိနေတာ တွေ့လိုက်သလိုပဲ။ ဒါပေမဲ့ အရေးမလုပ်အားပါဘူး။ လူဖမ်းဖို့က ပိုအရေးကြီးနေတယ်မဟုတ်လား။ တောင်ကြည့်မြောက်ကြည့်နဲ့ ရှောင်းကျန့်က ရင်တွေခုန်ပြီးဂနာမငြိမ်ဖြစ်နေတယ်။ ဒီကြားထဲ မိသားစုပုံရိုက်မယ်ဆိုပြီး ဝမ်ကျင်းလင်လေးက လာဆွဲခေါ်လို့ သွားရိုက်ပေးလိုက်ရသေးတယ်။ ဝမ်ရိပေါ်ကတော့ သူ့ကိုမမြင်ချင်ယောင်ဆောင်ထားပြီး လုံးဝအဖက်မလုပ်တဲ့ရှောင်းဝတုတ်ကို အသဲတွေယားနေပြီဖြစ်တယ်။

My Ugly Omega Mate (Completed)Where stories live. Discover now